Saturday, September 8, 2012

အစိုးရသစ်လက်ထက် စစ်တပ်တွင်း နေရာ အပြောင်းအရွှေ့ပြုလုပ်

သျှမ်းသံတော်ဆင့်

သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တက်လာပြီး ၂ နှစ်ခန့်အကြာတွင် မြန်မာ့တပ်မတော်အတွင်းရှိ စစ်အရာရှိ အတော်များများ ကို ယ ခုလဆန်းပိုင်းမှ စတင်၍ နေရာပြောင်းရွှေ့မှု ပြုလုပ်နေကြောင်း သိရသည် ။

ယခု စစ်ရာထူး အပြောင်းအလဲတွင် လက်ရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော နယ်မြေများဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားအ ခြေ စိုက် မပခ စစ်တိုင်းမှူးနှင့် သျှမ်းပြည် (မြောက်ပိုင်း) လားရိုးမြို့ အခြေစိုက် ရမခ စစ်တိုင်းမှူးများ အပါ အဝင် အနည်းဆုံး စစ်တိုင်းမှူး ၅ ဦးခန့်၊ ကစထမှူးနှင့် တပ်မမှူးများ ပါ ရှိကြောင်း စစ်ရုံးချုပ်နှင့် နီးစပ် သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသည် ။

မပခစစ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင်အား မီးရထားဝန်ကြီး အဖြစ် လည်းကောင်း၊ ရမခတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောအား တောင် ပိုင်း တိုင်း စစ်တိုင်းမှူးအဖြစ်လည်းကောင်း အသီးသီးပြောင်းရွှေ့လိုက်ကြောင်း သိရသည် ။

လစ်လပ်သွားသော မပခနှင့် ရမခ စစ်တိုင်းမှူး နေရာများသို့ ရလခတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်နှင့် တပ်မတော် နည်းပညာ ကျောင်း အုပ်ကြီး ဗမခ အောင်စိုးတို့ ပြောင်းရွှေ့ ရောက်ရှိလာကြောင်း သိရသည် ။

၎င်းအပြင် လပခ ၊ တပခ ၊ ရလခတိုင်းမှူး များ၏နေရာများသို့ ကစထမှူးနှင့် တပ်မမှူးများ ပြောင်းလဲရောက်လာ ကြောင်း သိရသည် ။

လက်ရှိစစ်တပ်အပြောင်းအလဲ အပေါ် တရုတ် - မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက -
“ဒီအပြောင်းအလဲမှာ ထူးခြားချက် ၃ ခုလောက်သွားတွေ့တယ် conflict ဖြစ်နေတဲ့ နယ်မြေတွေကို ရောက် လာတဲ့ ထွန်း ထွန်းနောင်ဆိုရင် တိုက်ရင်းနဲ့ရာထူးတက်လာတာ။ ကိုအောင်စိုး ကလည်း စစ်သားမိသားစုထဲက ကြီးပြင်းလာပြီး လက်ရှိ တပ်မ ၈၈ က တိုက်နေတဲ့ သူတစ် ယောက် ပတ်ကားစစ်သားမိသားစုတွေထဲက ဖြစ် တယ်။ ကိုအောင်စိုးဆိုရင် ၂၆ အပတ် စဉ်မှာ ပထမဆုံးတိုင်းမှူး ဖြစ်လာတယ်။ ဒါဟာစစ် ရပ်ချင်လို့ မဟုတ်ဘူး ဆိုတာကို ပြတယ် ”

“နောက်တစ်ခုက ဇေယျာအောင်ကို မီးရထားဝန်ကြီးခန့်တဲ့ကိစ္စမှာ စစ်တပ်ကနေ ၀န်ကြီးနေရာကို တိုက်ရိုက် သွားတယ် ဆိုတာ အရင်နအဖ စစ် အစိုးရလုပ်ထုံး လုပ်နည်းအတိုင်း လုပ်နေတုန်းပဲဆိုတာကို သွားတွေ့တယ်။ နောက်တစ်ခု က မင်းအောင်လှိုင် သူဟာ သူ့ရဲ့ကာ ကွယ်ရေး ဦးစီးချုပ်ဘဝမှာ သူ့ထက်ဂျူနီယာ အများကြီးကျတဲ့ အပတ်စဉ်ခွာတဲ့သူတွေကို ဆွဲတင်နေ တာဖြစ်တယ်။ သူနဲ့ ၁၉ အပတ်စဉ်တူ တဲ့လူ အား လုံးဆိုရင် နိုင်ငံခြားရေး ဝန်ကြီးရုံးကို ရောက်သွားပြီ အခု တစ်ခေါက် အပြောင်းအလဲမှာ ပိုပြီးသိသာလာတယ်။ ဗိုလ်နေဝင်း တုန်း ကလို ဗိုလ် သန်းရွှေတုန်းကလို လုပ်နည်းတွေက ဘာမှမပြောင်းဘူးဆိုတာကို တွေ့ရတယ် ” ဟု သုံးသပ်ပြောဆိုသည် ။

No comments:

Post a Comment