ထွန်းထွန်း
မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ် မောင်တောမှ သယ်ယူ လာသော တာကာ သိန်း၄၀ကျော်ဖိုးရှိ စိတ်ကြွဆေးပြားများကို ဘင်္ဂလား ဒေ့ခ်ျနယ် စပ်အနီး နစ်မြစ်အတွင်း ဘင်္ဂလာ အာဏာပိုင်များက ဖမ်းဆီး ရမိသည်ဟု ဒေသ တင်းအရ သိရ သည်။
မောင်တောမှ လှေတစီးဖြင့် သယ်ယူလာသော လူတဦးနှင့်အတူ အဆိုပါ စိတ်ကြွဆေး ပြားမျာကို ဘီဂျီဘီတပ်ဖွဲ့မှဆားပြင်ရွာနှင့်မိုလဗီရွာအကြား အ မှတ်(၄)နယ်မြေ၊ နစ်မြစ်အတွင်း စက်တင်ဘာ ၇ ရက်နေ့ က ဖမ်းဆီးမိ ခြင်း ဖြစ်သည်။
တက်ကနက် မြို့နယ်အတွင်းရှိ ဆားပြင်နှင့် မိုလဗီရွာသည် မောင်တောနှင့် နစ်မြစ်တဘက် တကမ်း တွင်ကပ်ရပ် တည်ရှိနေသောဒေသများ ဖြစ်၍မ ကြာ ခဏ မှောင်ခိုပစ္စည်းများ တရားမ၀င် အပြန်အလှန် တင်ပို့နေကျနေရာ များဖြစ်သည်။
စိတ်ကြွဆေးပြားအလုံး ၁၃၃၂၀နှင့်အတူ ဖမ်းဆီးခံရသည့် မူးယစ်ဆေးဝါး ဖေါက်ကားသူအား သက်ဆိုင်ရာမှဖမ်းဆီးထိန်း သိမ်းထား သည် ဟုသိရသည်။
နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စရပ်များကို မကြာခဏဆွေးနွေးခဲ့ ကြပြီး နှိမ်နှင်း နေကြသော်လည်း မြန်မာ့မူးယစ်ဆေးဝါး များမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ နေ့စဉ်ရက်ဆင့် အတားအဆီးမရှိ ခိုးဝင်နေသည်ဟု သိရသည်။

No comments:
Post a Comment