Monday, October 22, 2012

မင်းပြားမြို့ ပဋိပက္ခ မြောက်ဦးမြို့နယ်အထိ ကူးစက်

ခိုင်ခိုင်

မြောက်ဦးမြို့နှင့် မိုင်အနည်းငယ်ခန့်ဝေးသော ပရိန်ကျေးရွာတွင် ဘင်္ဂလီများ မိမိအိမ်များကို မီးရှို့ပြီး ရခိုင်ရွာများကို မီးရှို့ရန် ကြိုးစားနေ ခြင်း ကို ရခိုင်များက ခုံခံကာကွယ်နေရကြောင်း သတင်းရရှိ သည်။

ပရိန်ရွာတွင် မီးလောင်ကျွမ်းနေခြင်းကို ကိုယ်တိုင် မြင်တွေ့နေရသော မြောက်ဦးမြို့ခံတစ်ဦးက " တစ်ရွာ လုံးတော့ မပါသေးဘူး။ ဒီကနေ့ မီး ခိုးတွေ ထွက်နေတာကိုပဲ မြင်နေရပါတယ်။ လောင်နေတာကတော့ နံနက်(၇)နာရီလောက်က တည်းက ပန်းမြောင်းရွာဘက်က ဘင်္ဂလီ တွေက သူတို့အိမ်တွေကို မီးရှို့ပြီးတော့ ပရိန်ရွာဖက်ကို ထွက်သွားကြပါတယ်။ ပရိန်ရွာမှာ အိမ် ခြေက (၈၀၀)ခန့်ရှိပြီးတော့ ဘင်္ဂလီ(၁၅ ၀၀)ခန့်က ရ ခိုင်ရွာတွေကို မီးရှို့ရန် ကြိုးစားနေကြပါတယ်။ ရခိုင်တွေကလည်း မီးမရှို့ရအောင် ခုံခံကာကွယ် နေကြပါ တယ်။ ရခိုင်လူငယ် (၅)ယောက်ခန့် ကျဆုံးသွားတယ်လို့ သိရပါတယ်။ အတိအကျတော့ မသိရသေးဘူး " ဟု ပြောသည်။

ဘင်္ဂလီနှင့်ရခိုင် နှစ်ဖက်စလုံးမှ ဒုတ်၊ ဓါးများဖြင့် အခင်းဖြစ်ပေါ်လျှက်ရှိပြီး စစ်တပ်မှ အခြေအနေများ ငြိမ် သက်ရန် ထိန်းချုပ်လျှက် ရှိ ကြောင်း သိရှိရသည်။

နောက်ဆက်တွဲ သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါဦးမည်။

No comments:

Post a Comment