Tuesday, October 23, 2012

ကျောက်ဖြူတွင် ဘင်္ဂလီများ ဗလီကျောင်းကို မီးရှို့ကာ ပဋိပက္ခဖန်တီး

မင်းသွီး

အောက် တိုဘာလ(၂၂)ရက် ကျောက်ဖြူမြို့ ဆားပြင်ကျေးရွာ အနောက် ဘက်တွင် ဘင်္ဂလီတစ်စုသည် ဗလီကျောင်းကို မီးရှို့လိုက်ပြီး ပဋိပက္ခ ဖန် တီးနေသောကြောင့် စစ်တပ်နှင့် ရဲများက လုံခြုံရေးချထား ရကြောင်း သ တင်းရရှိသည်။

ယနေည(၉)နာရီတွင် ကျောက်ဖြူမြို့ ဆားပြင်ကျေးရွာမှ ဘင်္ဂလီများသည် လူစုကာ ရခိုင်ကျေးရွာဘက်သို့ သွားရောက်ရန် အရိပ်အ ယောင်ပြရာမှ ရဲ တပ်သားများ လိုက်လံတားဆီးရာ ရခိုင်ကျေးရွာဘက်သို့ မရောက်ရှိခဲ့ဘဲ ဆားပြင်ကျေးရွာ အနောက်ဘက် ၄င်းကို ဗလီ ကို ၄င်းတို့ကိုယ်တိုင် မီးရှို့လိုက်ကြောင်း သိရှိရသည်။

"သူတို့က ရခိုင်ကျေးရွာတွေဘက်ကို တက်လာတယ်ဆိုပြီးရဲတွေကဆား ပြင်ရွာနဲ့ ရခိုင်ရွာတွေကြားမှာ လုံခြုံရေးယူထားတဲ့အချိန်မှာ ရဲတွေရှိတဲ့ ဘက်ကို ရောက်မလာဘဲ ဗလီကိုမီးရှို့လိုက်တာ။ ခုတော့ မီးသတ်ကား ရောက် လာပြီး မီးငြိမ်း လိုက်ပါပြီ။ ဗလီကျောင်း တစ်ခြမ်း မီးလောင်ကျွမ်းသွားပါတယ်။"ဟု ကျောက်ဖြူမြို့မှ လူငယ်တစ်ဦးက ပြောသည်။

ဆားပြင်ကျေးရွာနှင့် ရခိုင်ကျေးရွာများတွင် ရဲနှင့် လုံထိန်းများအပါအ၀င် ဒေသခံများက လုံခြုံရေးယူထားပြီး ည(၁၀)နာရီခန့်တွင် အခြေ အ နေ များ ငြိမ်သက်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment