Wednesday, October 24, 2012

ဘင်္ဂလီ-ရခိုင်အဓိကရုဏ်း မြေပုံမြို့သို့ဆက်လက်ကူးစက်

အာရ်ကန်တိုင်းမ်စ်

အောက်တို ဘာ(၂၃)ရက်နေ့က ညနေ(၈)နာရီခွဲအချိန်တွင် မြေပုံမြို့ မြို့မဈေး အနောက်ဘက်ရှိရွာတွင် ဘင်္ဂလီများမှစတင်ကာ မီးရှို့တိုက်ခိုက်နေ ကြောင်း သတင်းရရှိသည်။

မြေပုံမြို့ခံ အမျိုးသားတစ်ဦးက " ဘင်္ဂလီတွေဟာ ရခိုင်အိမ်တွေနဲ့နီးစပ် တဲ့ သူတို့အိမ်ကို မီးရှို့ပြီးတော့ ထွက်ပြေးတယ်။ အခုတော့ဘင်္ဂလီအိမ် ကို မီးလောင်တာနဲ့ ရခိုင်အိမ်တွေကို ကူးပါတယ်။ မီးကူးတဲ့အတွက် ရခိုင်တွေ က မီး လောင်နေတဲ့ အိမ်ကို မီးငြိမ်းသတ်ဖို့လုပ်တဲ့အချိန်မှာဘင်္ဂလီတွေ က ဂျင်ကလိနဲ့ပစ်ပါတယ်။ ဒါကြောင့်မီးငြိမ်းသတ်ဖို့မရအတွက် အိမ် တွေ ကို မီးဆက်လက်လောင်ကျွမ်းနေပါ တယ်။" ဟု ပြောသည်။

မြေပုံမြို့ခံ အမျိုးသမီးတစ်ဦးက " အခု မီးလောင်နေပါတယ်။ ဈေးအ နောက်ဘက်က ရွာမှာပါ။ အဲ ဒီရွာနားက ဘုန်းကြီးက သံချောင်း ခေါက် သံတော့ ကြားတယ်။ အကူညီတောင်းနေတာပါ။ ကျမတို့လည်း အပြင် မထွက်ရဲဘူး။ ယော က်ျား တွေ ကတော့ မီးလောင်နေတဲ့ နေရာကို လိုက် သွားကြပါတယ်။" ဟု ယခုကဲ့သို့ ပြောကြားသွားသည်။

မြေပုံမြို့ မီးလောင်ကျွမ်းမှုမှာ ယမန်နေ့ည(၁၀)နာရီ ခွဲအချိန်ထိ ဆက်လက် လောင်ကျွမ်းနေကြောင်းသိရသည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ သံ တွဲမြို့နယ်ရှိ သပြုချိန်၊ လင်သီ၊ ရွှေလှေရွာတို့တွင် ဘင်္ဂလီများအင်အားစုစည်းပြီး ရွှေလှေရွာဘုန်းကြီးကျောင်းသို့ မီးရှို့ရန် ကြိုးစားစဉ် စစ်တပ်နဲ့ ရဲတွေက အချိန်မှီထိန်းချုပ်နိုင်ခဲ့သည့်အတွက် မအောင်မြင်ခဲ့ကြောင့်လည်း တယ်လီဖုန်းသတင်းအရ သိရှိရသည်။

တယ်လီဖုန်းလိုင်းအခက်အခဲရှိသည့်အတွက် သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment