Tuesday, October 23, 2012

မြောက်ဦး ပဋိပက္ခအတွင်း ဒဏ်ရာရသူများကို စစ်တွေဆေးရုံသို့ ယူဆောင်

ခိုင်ခိုင်

မနေ့က မြောက်ဦိးပဋိပက္ခတွင် မြောက်ဦးမှ ရခိုင်(၄)ဦး ဒဏ်ရာရပြီးအရေး ပေါ် အခြေအနေကြောင့် စစ်တွေ ဆေးရုံသို့ ရောက်နေ ကြောင်း၊ နောက် ထပ်လည်း မြောက်ဦးတွင် ဒဏ်ရာရရှိသူ(၇)ဦး ရှိနေသေးကြောင်း သ တင်းရရှိသည်။

စစ်တွေဆေးရုံတွင် ရောက်ရှိနေသော ဒဏ်ရာရလူနာ(၃)ဦးမှာ ဦးစိန်သာ အောင် အသက်(၆၀) လွမ်းတောင်ကျေးရွာ၊ အဖ ဦိးမောင်စိုးနု ၏သား မောင်မောင်နိုင် အသက်(၃၀) မောင်သာကုန်းရွာ၊ မောင်ထွေးစိန် ကျောင်း တောင်ရွာဖြစ်ကြောင်း သိရှိရသည်။ လွမ်းတောင်ရပ် ကွက်မှ ဦးစိန်သာ အောင်၏ အခြေအနေမှာ စိုးရိမ်နေရပုံကို စစ်တွေဆေးရုံတွင်ရောက်နေ သော သူ့၏သားဖြစ်သူ စိုးမောင်မှ "ဟုတ်ပါ တယ် အဖေရဲ့ပခုံးမှာ လှံထိုး မိတဲ့ဒဏ်ရာနဲ့ အခုချိန်ထိ သတိမရသေးပါဘူး။ အဲဒီ ဒဏ်ရာကြောင့် အောက်ပိုင်းလည်း မလှုပ်နိုင်ဖြစ်နေ ပါတယ်။" ဟု ပြောပြ သွား သည်။

ထိုလူနာများ၏ အခြေအနေနှင့် လူနာများကို အကူအညီပေးရန်အတွက် ဝံလက်ဖောင်ဒေးရှင်းကို အကူအညီ တောင်းထားခြင်းကိုစစ် တွေမြို့မှ ကျောင်းဆရာတစ်ယောက်ဖြစ်သူ ဦးသိန်းထွန်းအေးက "စစ်တွေဆေးရုံမှာ ဒဏ်ရာရသူ(၃)ဦး ရောက်နေပါတယ်။ တစ်ယောက်ကတော့အရေး ပေါ်အ ခြေအနေ ဖြစ်နေပါတယ်။ နောက်ထပ်လည်း မြောက်ဦးမှာ ဒဏ်ရာရသူ(၇)ဦး ရှိပါသေးတယ်။ အခု ဝံလက်ဖောင် ဒေးရှင်းကို အကူ အ ညီတောင်းပြီးတော့ လူနာတွေကို အကူအညီပေးရန် ကြိုးစားနေပါတယ်။" ဟု ပြောပြသွားသည်။

No comments:

Post a Comment