ABC
မြန်မာနိုင်ငံတဝှမ်းမှာ ကွမ်းတံတွေးတွေ စည်းမဲ့ကမ်းမဲ့ ထွေးနေတာကို တားမြစ်ပိတ်ပင်ဖို့ လှုပ်ရှား မှုတွေဟာ တနေ့တခြား ထောက်ခံမှု ပိုရ နေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတာကို တရားဝင်တားမြစ်ပေးဖို့ သြဂုတ်လလောက်စပြီး တောင်းဆိုလာကြတာဖြစ်ပြီး အများပြည်သူပိုင် လမ်း တွေ၊ အဆောက်အဦးတွေ သန့်ရှင်းမှုရှိစေရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုဥပဒေမျိုးပေါ်ပေါက်လာအောင် လှုံ့ဆော်ပါဝင်သူ မြင့်သူက ကွမ်းရောင်းသူတွေအနေနဲ့ စားသုံးသူတွေ ကွမ်းတံတွေးထွေးနိုင်မယ့် ပ လပ် စတစ်အိတ်တွေ၊ ခွက်တွေပါ ပေးသင့်တယ်လို့ ပြောခဲ့တယ်လို့ဆိုပါတယ်။
ကွမ်းယာကို နှစ်ပေါင်း ၂၀ လောက် ရောင်းချနေတဲ့ဆိုင်ပိုင်ရှင် တစ်ဦးကလည်း ကွမ်းတံတွေးစည်းကမ်းမဲ့ထွေးတာကို အရေးယူဖို့ ထောက် ခံ ပေမယ့် ကွမ်းယာရောင်းတာကိုတော့ မထိခိုက်စေလိုကြောင်း၊ မြန်မာနိုင်ငံမှာ ကွမ်းယာအပေါ် မှီခိုပြီး ဝင်ငွေရှာကြသူတွေ များပြီး မြန်မာဘုရင် တွေလက်ထက်ကတည်းက စားသုံးလာခဲ့ကြတာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
ကွမ်းကို နှစ်ပေါင်း ၁၆ နှစ်ကြာ စွဲစွဲမြဲမြဲစားသုံးနေသူတစ်ဦးကလည်း ကွမ်းတံတွေးကို စည်းကမ်းတကျထွေးရမယ့်ဥပဒေကို ထောက်ခံမှာ ဖြစ် တယ်လို့ ရိုက်တာသတင်းကို ပြောခဲ့ပါတယ်။
သွားဖက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်တစ်ဦးကလည်း ကွမ်းယာမှာ ဆေးရွက်တွေပါဝင်တဲ့အတွက် သွားနဲ့ သွားဖုံးကို ထိခိုက်နိုင်ရုံသာမက နှစ် ပေါင်း များစွာစားသုံးရင် ခံတွင်းကင်ဆာတောင်ဖြစ်နိုင်တယ်လို့ ရှင်းပြခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
No comments:
Post a Comment