Sunday, December 2, 2012

UWSP ဒုဥက္ကဌ လေဖြတ် - တပ်တွင်းရာထူးအပြောင်းအလဲ ရှိ

သျှမ်းသံတော်ဆင့်

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဒုဥက္ကဌကျောက်ဝင်ကွမ်း လေဖြတ်ရောဂါခံစားနေရကြောင်း ၀ တပ်ဖွဲ့အရာရှိများ သတင်းရပ် ကွက် ကဆိုပါသည်။

“ကျောက်ဝင်ကွမ်းဟာ ၀ တပ်ဖွဲ့ထဲမှာ သက်တမ်းရင့်တဲ့ သူ အတွေ့အကြုံများတဲ့သူ တယောက်လို့ ပြောလဲရတယ်။ သူဟာ ကွန်မြူနစ် ခေတ် ကတည်းက ၀ တပ်ဖွဲ့ထဲမှာတာဝန်ထမ်းဆောင်လာခဲ့တဲ့ သူဘဲ” ဟု ပန်ဆန်းအရာတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

ဝ ပြည်သွေးစည်းစည်းညီညွတ်ရေးတပ်မတော်၏ ဒု ဥက္ကဌ ကျောက်ဝင်ကွမ်းသည် ခွန်ဆာ၏ မုံးတိုင်း တပ်မတော် နှင့် လွယ်လန်းတိုက်ပွဲ (၁၉ ၈၉ မှ ၁၉၉၆ အထိ) တွင်လည်း ပါဝင်ခဲ့သူတဦးဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ တွင် ဉက္ကဌကြီးပေါက်ယူချမ်း၊ ဒုဥက္ကဌ ၁ ရှောက်မင်လျှံ၊ ဒုဥက္ကဌ ၂ ကျောက်ဝင်ကွမ်းတို့ဖြစ်သည်။ ဒုတိယ စစ်သေနာပတိချုပ်မှာ ကျောက်ကျုံးတန်းနှင့် တာ့အိုက်လွန်းတို့ဖြစ်သည်။

ဥက္ကဌကြီး ပေါက်ယူချမ်း၏ လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီတွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက် ပိုင်း ဝ နယ် ၄ ခု၊ တပ်မဟာတခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်းရှိသေး ကြောင်း ပန်ဆန်း ဌာနချုပ် ၀ အရှိကြီးတဦးကပြောပါသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့်တိုး ချဲ့ တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ် ကြ သည်။

တဖက်တွင်လည်း ယခုနှစ် ဩဂတ်စ်လက UWSA တပ်မတော်၏ အကြီးဆုံးတပ်မဟာတခုဖြစ် သော မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ ၏ တပ်မှူး အိုက်ဆု ခေါ် လီအိုက်ဆု အား မိုင်းပေါက် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးပြောင်း ပြီးနောက် ၎င်းနေရာအား ပေါက်ယူချမ်း ၏တူ တော်စပ် သည့် တာ့ပန်းအား အစားထိုးခန့်အပ်ရာ နိုဝင်ဘာလ ၂၅ ရက်နေ့ကစ၍ တာ ဝန်များ စတင်ထမ်းဆောင် နေပြီဖြစ် ကြောင်း ၀တပ် ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

တာ့ပန်းသည် ၂၀၀၅ က ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် ဖမ်းဆီးမှုတွင် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် ထောင်ကျနေရာ ယခုနှစ်ဆန်း လွတ် ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်လာသူဖြစ်ပါသည်။

No comments:

Post a Comment