Wednesday, January 2, 2013

သမ္မတနဲ့ ဒေါ်စုတို့ နှစ်သစ်မင်္ဂလာ မိန့်ခွန်းပြောခဲ့

ABC

မြန်မာနိုင်ငံမှာ ​နိုင်ငံတော်သမ္မတဦးသိန်းစိန်က ​၂၀၁၃ ​ခုနှစ် ​နှစ်သစ်ကူး ​မိန့်ခွန်းကို ​ပထမဦးဆုံး ​အကြိမ် ​ပြောကြားခဲ့ပြီး၊ ​ပြည်သူလူထုတွေ ​နဲ့ပိုပြီး ​တိုက်ရိုက် ​အဆက်အသွယ် ​ပြုမယ်လို့ ​ဂတိပေး ​ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​လိုအပ်နေတဲ့ ​ကွက်လပ်တစ်ခုဖြစ်တဲ့ ​အစိုးရနဲ့ ​ပြည်သူအကြား ​တိုက်ရိုက်ဆက်ဆံ ရေး လမ်းကြောင်းသစ်တစ်ခုကို ဖေါ်ဆောင် ဖို့ ​ကြိုးပမ်း ​သွားမယ်ဆိုတဲ့ ​အကြောင်း ​- ​ပြည်သူလူထုတွေရဲ့ ​ယုံကြည်မှု ​ကိုရဖို့ ​ပွင့်ပွင့် လင်းလင်း ​ဆက်ဆံမယ် ​ဆိုတဲ့အကြောင်း၊ ​မြန်မာနိုင် ငံ ​ရဲ့ ​အပြောင်း ​အလဲတွေ ​ကို ​ကမ္ဘာ ​က ​အံသြ ​ကြ ​သလို ​မျှော်လင့်ချက်တွေ ​က ​လဲ ​ပို ​ပြီး ​တော့ ​ကြီးမားလာ ​တယ်လို့ ​ဆိုပါ တယ်။

သမ္မတကြီး ​ဦး ​သိန်းစိန်က ​ရေဒီယိုကနေတဆင့် ​၅မိနစ် ​ကြာတဲ့ ​နှစ်သစ်ကူး ​ဆုတောင်းမေတ္တာ ​ပို့ခဲ့သလို ​ဒေါ်အောင်ဆန်းစုကြည်ကလဲ ​စက္ကန့် ​၅၀ ​လောက် ​ကြာတဲ့ ​ဆုတောင်း ​မေတ္တာ ​ပို့ ​ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​နိုင်ငံတနိုင်ငံရဲ့ ​မနှစ်သာရဟာ ​နိုင်ငံသူ ​နိုင်ငံသားတွေ ​ဖြစ်တဲ့ ​အကြောင်း ​နိုင်ငံသူနိုင်ငံသားတွေ ​အရည်အ ချင်းရှိမှ ​နိုင်ငံ ​တိုးတက်မယ်၊ ​အဆင့် ​ရှိမယ် ​ဆိုတဲ့ ​အကြောင်း ​ပြည်သူ ​ပြည်သားတွေ ​တနေ့ထက်တနေ့ ​အရည်အချင်းတွေ ​ပို ​ပြီး ​တိုး တက် ​နိုင်ပါစေ ​လို့ဆုတောင်းသွားပါတယ်။

No comments:

Post a Comment