Thursday, January 24, 2013

တရုတ်ကြောင့်ကချင်တိုက်ပွဲ ငြိမ်ကျလို့တရုတ်မီဒီယာပြော

ABC

တရုတ်နိုင်ငံက ​တရုတ်အစိုးရ ​အထူးကိုယ်စားလှယ် ​Fu ​Ying ​ကနေ ​မြန်မာ ​သမ္မတကြီး ​ဦးသိန်းစိန်နဲ့ပြီးခဲ့တဲ့ ​စနေနေ့ကတွေ့ပြီးနောက်၊ ​က ချင်ပြည်နယ်မှာ ​အပစ်အခတ်ရပ်စဲမှုတွေ ​ဖြစ်ပြီး ​အခြေအနေ ​ငြိမ်သက်နေတယ်လို့ ​တရုတ်ရှင်ဟွာ ​သတင်းမီဒီယာတွေမှာ ​ဖေါ်ပြထား ပါ တယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ​ပြောခွင့်ရ ​ပုဂ္ဂိုလ် ​Hong ​Lei ​က ​မြန်မာပြည်တွင်းက ​ပဋိပက္ခ ​ဖြစ်နေတဲ့ ​နေရာမှာ ​တရုတ်နိုင်ငံကအပြုသ ​ဘော ​ဆောင် ​တဲ့ ​ဆောင်ရွက်ချက်တွေ ​ပြုလုပ်ဆောင် ​ရွက် ​ပြီး ​ဖြေရှင်း ​ပေးနေ ​တယ်လို့ ​ပြောပါတယ်။

တရုတ်နိုင်ငံက ​ထိပ်တန်း ​အရာရှိ ​များ ​မြန်မာ ​နိုင်ငံကို ​လာရောက်ခဲ့စဉ်က ​တပါးနိုင်ငံ ​ရဲ့ပြည်တွင်း ​ရေးမှာ ​ဝင်ရောက် ​စွက်ဖက်မှာ ​မဟုတ်ဖူးလို့ ​ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံကနေ ​ကချင်တိုင်းရင်းသား ​လက်နက်ကိုင်တွေကို ​စစ်လက်နက် ​ထောက်ပံ့မှု ​ပြုလုပ်နေသလားဆိုတဲ့ ​သတင်းထောက်တွေရဲ့မေး မြန်းချက်ကို ​တရုတ်နိုင်ငံခြားရေးဝန်ကြီးက ​ပြောခွင့်ရပုဂ္ဂိုလ် ​Hong ​Lei ​ကမြန်မာပြည်တွင်း ​ငြိမ်းချမ်းရေး ​အတွက် ​တရုတ်နိုင်ငံက ​ဆွေးနွှေး ​ညှိနှိုင်းမှုကိုသာ ​အစဉ်အမြဲ ​အားပေးနေတာ ​ဖြစ်တယ်လို့ ​ဖြေသွားတဲ့အကြောင်း ​သိရပါတယ်။

တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောခွင့် ​ရပုဂ္ဂိုလ် ​Hong ​Lei ​က ​မြန်မာပြည်တွင်း ​အခြေအနေကို ​တရုတ် ​အစိုးရက ​အနီးကပ်လေ့လာ စောင့် ကြပ်ကြည့်ရှုနေတဲ့အကြောင်း ​သဘောမတူညီမှုတွေ ​ကိုတွေ့ဆုံ ​ညှိနှိုင်းစေ့စပ် ​ဖို့အားပေး ​တိုက်တွန်းနေတာဖြစ်တဲ့အကြောင်း ​၊ ​ဒါ့အ ပြင် ​၂ဦး ​၂ဘက်လုံး ​နဲ့လည်း ​နီးနီးကပ်ကပ် ​အဆက်အသွယ်ရှိနေတဲ့အကြောင်း ​ပြောသွားတယ်လို့ ​သိရပါတယ်။


ကချင်ပြည်နယ်တိုက်ပွဲနောက်ဆက်တွဲအခြေအနေ

ကချင်ပြည်နယ် ​အတွင်းတရုတ်နဲ့ ​မြန်မာနိုင်ငံနယ်စပ်ကိုဆက်သွယ်ထားတဲ့ ​ဗန်းမော်-လွယ်ဂျယ် ​လမ်းကြောင်းကို ​KIA ​ကချင်လွတ်လပ် ရေး အ ဖွဲ့က ​ပိတ်ထားလိုက်တယ်လို့ ​သိရပါတယ်။

ဇန်န၀ါရီ ​၂၂ရက် ​မြန်မာစစ်တပ်က ​စစ်ကား၂၆စီး ​က ​လမ်းကြောင်းရှင်းတဲ့အနေနဲ့ ​လမ်းဘေး ​၀ဲယာတလျောက် ​ပစ်ခတ်မှု ​တွေ ​ဖြစ်ခဲ့ ​ပြီး ​စစ် တပ်ကနေ ​ဒီလမ်းကို ​မတက်ဖို့ ​တားမြစ်ထား ​တယ် ​လို့ ​သိ ​ရ ​ပါတယ်။

“KIA ​ကပေါ့နော့ ​ကျနော်တို့ ​ဗန်းမော်မြို့ ​ကားလေးဝင်းမှာ ​စာပို့သွားတယ်တဲ့၊ ​ဂိတ်မှူး ​ကနေပြီး တော့ဒီစာဖတ်တဲ့အချိန်မှာလွယ်ဂျယ် လမ်း ကိုပေါ့နော် ​ကားတွေတစီးမှ ​မတက်ဖို့ ​မလာဖို့ပေါ့နော့ ​တားမြစ်ထားတယ်ပေါ့နော့၊ ​ဒီနေ့တော့ ​ဘယ်ကားမှမတက်ရဲကြဘူး၊ ​ပိတ်သလိုဖြစ် သွား တယ်။” 

KIO ​ဌာနချုပ် ​တည်ရှိရာ ​လိုင်ဇာဘက်မှာလည်း ​အစိုးရကလက်ဂျားယန်ဒေသကို ​ထိုးစစ်ဆင်နေတာ တွေရပ်ဆိုင်းလိုက်ပြီလို့ ဇန်န၀ါရီ ​၁၉ရက် နေ့ ​ကျေညာခဲ့ပေမဲ့ ​လိုင်ဇာနားက ​အရေးကြီးတဲ့စခန်းကုန်းတွေကို ​သိမ်း ​ထား ​ပြီး ​အစိုးရတပ် ​တွေကလိုင်ဇာနဲ့ ​၅မိုင်အကွာမှာရောက် ​နေပြီ လို့ ​ဒုက္ခသည်တွေကိုကူညီနေတဲ့ ​ကိုလာရစ်က ​ပြောပြပါတယ်။

ဖားကန့်မြို့မှာလည်း ​ဇန်န၀ါရီ၂၃ရက်နေ့ ​မနက်ပိုင်းက ​တိုက်ပွဲတွေ ​ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ​ထောင်နဲ့ချီတဲ့ ​ရွာသားတွေဟာ ​လုံး ခင်း ကျေးရွာဘက်ကို ​ထွက်ပြေးတိမ်းရှောင်လာကြတဲ့အတွက် ​ဒုက္ခသည် ​စခန်းတွေနဲ့ ​ဘုန်းကြီးကျောင်းတွေ၊ ​ခရစ်ယာန်ဘုရား ကျောင်း တွေမှာ ​နေစရာမရှိလောက်အောင်ဖြစ်နေတယ်လို့ ​ဒေသခံတဦးက ​ပြောပြတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်း ပေး ​ပို့ ​ထားပါတယ်။

No comments:

Post a Comment