Wednesday, January 2, 2013

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၄ တွင် သမ္မတရာထူး ရနိုင်ဟု ဆရာ စံဇာဏီဘို ဟော ကိန်းထုတ်

တင်ဇာအောင် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၂ ရက် ၂၀၁၃

လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၁၄ ခုနှစ်တွင် သမ္မတရာထူး ရနိုင်သည်ဟု မြန်မာ နိုင်ငံ၏ နာမည်ကြီး နက္ခတ် ဗေဒင်ဆရာတစ်ဦးဖြစ်သည့် ဆရာစံဇာဏီဘိုက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားလိုက် သည်။

“ ရွေးကောက်ပွဲကတော့ ၂၀၁၅ မှာပါ။ ဒါပေမယ့် ၂၀၁၄ ဇူလိုင်၁၂က ၂၀၁၅ ရွေးကောက်ပွဲ မတိုင် ခင် အတွင်းမှာဒေါ်စု သမ္မတ နေရာ တစ် ခုခုမှာ ရနိုင်တဲ့ အမှတ်အသားတွေ့ ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ကြားဖြတ် အစိုးရ သဘော နဲ့ ပတ်သက်ပြီး သမ္မတအဖြစ် ရွေးချယ်ခံ ရတဲ့ သဘာဝမျိုးလည်း ဖြစ်နိုင်တယ်။ ဒါက ဗေဒင်ကိန်းခန်းအရ ဖြစ်နိုင်ချေကို ပြောတာပါ” ဟု ဆရာစံဇာဏီဘိုက ပြောသည်။

နက္ခဗေဒ သဘောတရားအရ ယင်းသို့ တွက်ချက်ပြောကြားခြင်းဖြစ်ပြိး လာမည့် ၂၀၁၄ ခုနှစ်ဇူလိုင်လ ၁၂ ရက်မှ စတင်ပြီး ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲ မတိုင်မီကာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ နေရာသုံးခု (သမ္မတနှင့် ဒုတိယ သမ္မတ နှစ်ဦး) တွင် နေရာ ရရှိလာ နိုင်ကြောင်း ဆရာ စံဇာဏီဘိုက ပြောကြားခြင်းဖြစ်သည်။

“ပုံမှန်ကတော့ ရွေးကောက်ပွဲ တစ်ခုပြီှးမှ သမ္မတ ဖြစ်တဲ့ သဘောသဘာဝနဲ့ မတူဘဲ ဒါက ဗေဒင် အ ရဖြစ်တည်မှုကို တင်ပြတာပါ” ဟုလည်း ပြောသည်။

နက္ခတ်ဗေဒ သဘောအရ ယင်းအချိန်တွင် နိုင်ငံ၏ ခေါင်းဆောင်မှာ အမျိုးသမီး ခေါင်းဆောင် စတင်ဖြစ်ပေါ်သည့်အခြေအနေဖြစ်နိုင်ပြီး ယင်း အမျိုးသမီး ခေါင်းဆောင်မှာလည်း အခြားနယ်ပယ်က မဟုတ်ဘဲ လက်ရှိ ရှိနေပြီးသားခေါင်းဆောင်ထဲမှသာ ဖြစ်မည်ဖြစ်သည်ဟု လည်း ဆ ရာ စံဇာဏီဘိုက ပြောသည်။

“အမျိုးသမီး ခေါင်းဆောင်ဖြစ်ရမယ်ဆိုလို့ အခြားသူကို ထည့်စဉ်းစားလို့ မရပါဘူး။ မူလရှိတဲ့ အထဲ ကပဲ အမျိုးသမီးခေါင်းဆောင်ဖြစ်ရမယ်။ အ ခြားလူ မဟုတ်တာ သေချာပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ အနာဂတ်ခေါင်း ဆောင် မှန်သမျှက အာဂလူပဲဖြစ်ရမယ်။ ကြုံလို့ ၀င် လုပ်တာ ၊ ပိုက်ဆံရှိလို့ ၀င်လုပ်တာမျိုး လုံးဝမဟုတ်ဘူး။ စစ်မှန်တဲ့ အရည်အ ချင်း ရှိတဲ့ အရည်အသွေး ရှိတဲ့ ခေါင်းဆောင်ပဲဖြစ်မယ်” ဟု လည်း ဆရာစံဇာဏီဘိုက ပြောသည်။

နိုင်ငံတော်သမ္မတကြီး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍လည်း မေးမြန်းရာတွင် “ သမ္မတကြီး မသေနိုင်သေးပါဘူး။ သေမယ့် လမ်း ကြောင်း မမြင်သေးပါဘူး ။ နောက်ရွေးကောက်ပွဲတစ်ခုအထိ သမ္မတကြီးလည်း ပါရင် ပါမှာပေါ့” ဟုလည်း ပြောသည်။

ယင်းအပြင် တိုင်းပြည်ကို စစ်တပ်မှ ပြန်လည် အာဏာသိမ်းခြင်း၊ အခြားတိုင်းပြည်တစ်ခုမှ လာရောက်သိမ်းပိုက်ခြင်း စသည်များ တွေ့ရှိရခြင်း မရှိကြောင်း ပြောကြားသည်။ သို့သော် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မေးမြန်းရာတွင် နက္ခတ် ဗေဒင်အရ တိုင်းပြည်တွင် လာမည့် ၂၀၁၃ ခုနှစ် တစ်ခုလုံးနှင့် ၂၀၁၄ ဇွန်လအထိ ငြိမ်းချမ်းရေး ရနိုင်ဖွယ် မရှိသေးကြောင်း အတိအလင်း ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေး ရနိုင်ဖွယ် မရှိသေးသည့် အချိန်နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟူ အချိန်တို့မှာလည်း ကပ်လျက်ပင်ဖြစ်သည်ကို ယင်း ၏ ဟောကိန်းအရ သိရသည်။

NLD ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဇင်ဘာလတွင် နတ်မောက်မြို့နှင့် ထားဝယ်မြို့များသို့ သွားရောက်စဉ် နိုင်ငံအ တွက် ထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ရန် အာဏာရလိုကြောင်းနှင့် သမ္မတ ဖြစ်လိုကြောင်း ပြောကြားထားသည်။

No comments:

Post a Comment