Thursday, January 3, 2013

ရိုဟင်ဂျာဒုက္ခသည်ကို ထိုင်းက နေရပ်ပြန်ပို့မယ်

ABC

ထိုင်းနိုင်ငံ ​ဖူကက် ​ကမ်းခြေ ​အနီး ​ကို ​ရောက် ​ရှိ ​လာ ​ကြတဲ့ ​ရိုဟင်ဂျာ ​၇၃ဦးတင်ဆောင်လာ ​တဲ့ ​လှေကို ​ကမ်းကပ်ခွင့် ​နဲ့ ​ပြည်ဝင်ခွင်းကို ​ထိုင်း ​အာဏာပိုင်တွေက ​ပိတ်ပင်ပြီးနောက်မှာ ​- ​သူ ​တို့ ​ကို ​နေရပ်ဌါနေ ​ကို ​ပြန်ပို့ ​မယ်လို့ ​ထိုင်း ​အာ ဏာပိုင်တွေကပြောတဲ့အ ကြောင်း သိရပါ တယ်။

လှေပေါ်ပါလာသူ ​တွေ ​က ​မလေးရှားနိုင်ငံကို ​ပြန်လှည့်သွား ​ရမှာ ​ကို ​ပင်လယ်တွင်း ​နောက်ထပ် ​ကြုံတွေ့ ​နိုင်တဲ့ ​အန္တရယ်တွေကို ​စိုးရိမ်တဲ့ အ တွက် ​နဲ့ ​ခရီးလဲပမ်း ​လှပြီ ​ဖြစ်တဲ့ ​အတွက် ​ပင်လယ်ခရီး ​ပြန်မဆက်နိုင်တော့ဘူးလို့ ​ဖူကက် ​ပြည်နယ်အုပ်ချုပ်ရေးမှူး ​Maitri ​Inthusut ​ကပြော ပြပါတယ်။

ရိုဟင်ဂျာ ​၇၃ဦးထဲမှာ ​ခလေး ​၁၂ယောက်ပါဝင်ပြီး ​ပင်လယ်ထဲမှာ ​အစာရေစာမရှိ ​ဘဲမျောခဲ့တာ ​၁၂ ​ရက်ရှိ ​ပြီးမှထိုင်းနိုင်ငံ ​အရောက်မှာ ​ထိုင်း ​အာဏာပိုင်တွေက ​အစာရေစာ ​နဲ့လောင်စာ ​တွေ ​ပေး ​ပြီး ​ပင်လယ်ထဲ ​ပြန်ပို့ ​ဖို့ ​ကြိုးပမ်း ​ခဲ့ ​ပါတယ်။


ထိုင်းနိုင်ငံက ​လှေတွေ ​နဲ့ခိုလှုံခွင့်တောင်းသူ ​တွေ ​ကို ​လက် ​မခံ ​တဲ့ ​မူဝါဒကို ​ကျင့်သုံးနေတဲ့ ​နိုင်ငံဖြစ်ပါတယ်။

ကုလသမဂ္ဂ ​ဒုက္ခသည် ​ဆိုင်ရာက ​မလေးရှား ​နိုင်ငံမှာ ​ဒုက္ခသည်အဖြစ်အသိအမှတ်ပြု ​မှတ်ပုံတင်ထားတဲ့ ​ရိုဟင်ဂျာလူမျိုး ​၂၂၀၀၀ ​အထိ ​ရှိနေ ပြီး ​ပြီးခဲ့တဲ့ ​ရက်ပိုင်း ​အတွင်းက ​ဘဲ ​စင်င်္ကာပူ ​နိုင်ငံ ​က ​လှေတွေ ​နဲ့ ​ရောက်လာတဲ့ ​ရိုဟင်ဂျာ ​အယောက်၄၅၂ ​ယောက် ​ကို ​ပြည် ဝင်ခွင့်မ ပေး ​တဲ့အတွက် ​မလေးရှား ​နိုင်ငံ ​က ​လက်ခံ ​ခဲ့ပါတယ်။

No comments:

Post a Comment