ABC
ထိုင်းနိုင်ငံ ဖူကက်မြို့ အနီးကမ်းခြေမှာ ရိုဟင်ဂျာ ၇၅ဦးတင်ဆောင်လာတဲ့လှေပေါ်က လူတွေကို မြန်မာ နိုင်ငံနယ်စပ် ရနောင်းမြို့ကနေ တ ဆင့် ကုန်းလမ်း နဲ့ မြန်မာနိုင်ငံကို ပြန်ပို့လိုက်ပြီ ဖြစ်တဲ့ အကြောင်း ထိုင်းပြည်ထဲရေးလုံခြုံရေးဆိုင်ရာ ကပြောကြောင်းသိရပါတယ်။
ဖူကက်ကမ်းခြေကို ဆိုက်ကပ်လာတဲ့လှေပေါ်ကလူတွေကို ပင်လယ်နက်ထဲကအန္တရယ်တွေကြောင့် ထိုင်း အာဏာပိုင်တွေက ကမ်းတက် ခွင့် ပြုပြီး တရားမဝင် ဝင်ရောက်သူများအဖြစ် ထိန်းသိမ်းခဲ့ပါတယ်။ ထိန်းသိမ်းပြီး နောက်ပိုင်းမှာ ရနောင်းမြို့နယ်စပ် လုံခြုံရေး ဂိတ်ကနေတ ဆင့် မြန်မာနိုင်ငံထဲကိုပြန်ပို့ လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံကလှေတွေ နဲ့ ခို လှုံခွင့်တောင်းဖို့ ရောက်လာသူ တွေကိုလုံးဝပြည်ဝင်ခွင့်မပေးတဲ့ မူဝါဒကို ကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။ ရိုဟင် ဂျာ ၇၅ဦးတင်ဆောင်လာတဲ့လှေ ထဲပါလာသူတွေဟာ ပင်လယ်ထဲမှာမျောခဲ့ပြီးအစာရေစာနဲ့လောင်စာဆီ ပြတ်ခဲ့တာ ၁၂ ကြာခဲ့ပြီးနောက် ထိုင်း ကမ်းစောင့် အာဏာပိုင်တွေက အစာ ရိက္ခာ တွေ ဖြည့်ပေး ပြီး၊ ပင်လယ်ထဲ ကို ပြန်လွှတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ ရိုဟင်ဂျာတွေ ကအန္တရယ် ကြီးလှ တဲ့ ပင်လယ် ထဲ ကို ပြန် သွား ဖို့ စိုး ရွန့် ခဲ့ တဲ့ အတွက်၊ ခရီး လဲ အလွန်ပမ်းခဲ့တဲ့ အတွက် ပင်လယ် ထဲကို ပြန်သွားဖို့ ငြင်း ဆိုခဲ့ ပါတယ်။ လှေထဲမှာကလေးငယ် ၁၂ ဦးနဲ့ အမျိုးသမီးတွေ ပါဝင် တယ် လို့လည်းသိရပါတယ်။
No comments:
Post a Comment