Thursday, January 24, 2013

စစ်တွေမှ ဟင်းသီးဟင်းရွက်များတွင် အဆိပ်တွေ့၍ ရဟန်းတော် အဖွဲ့က ပြည်နယ် အစိုးရကို တင်ပြ

နိရဉ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ နယ်မှ တင်သွင်းနေသော ဟင်းသီးဟင်းရွက် များတွင် အဆိပ်များ ပါဝင်နေသဖြင့် စစ်ဆေး ဆောင်ရွက်ရန် ရဟန်းတော်များ က ပြည်နယ် အစိုးရ အဖွဲ့ကို ယနေ့တွင် တင်ပြ တောင်းဆိုခဲ့သည်ဟု ရဟန်း တော်များ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ဦးကေသာရက ပြောသည်။

“ ဦးဇင်းတို့က အဆိပ်တွေ ပါနေတဲ့ ဘူးသီးတွေကို လူကြီးတွေဆီကို ယူသွား တယ်။ သူတို့ကို တင်ပြ တယ်။ ဒီမှာကြည့်ကြပါ။ လက်တွေ့ပြပြီး ဘူးသီးတွေ မှာ အဆိပ်ပါနေတယ်ဆိုတာကို သူတို့ကို တင်ပြခဲ့ပါတယ်” ဟု ဦးကေ သာရ က ပြောသည်။

သွားရောက်တင်ပြခဲ့ကြသော ရဟန်းတော်များ အထဲတွင် စည်းကမ်းထိန်း သိမ်းရေး အဖွဲ့မှ ဥက္ကဌ ဦးဥာဏ၊ အတွင်းရေးမှူး ဦးကေသာရ၊ အရှင် ဦးဓ မ္မဓဇ၊ အရှင် ပညာဓဇ စသည့် ရဟန်းတော် (၅) ပါး ပါဝင်သည်ဟု ဆိုသည်။

“ ဦးဇင်းတို့ဆီက ရဟန်း ၅ ပါး ပါဝင်တယ်။ အစိုးရဘက်ကတော့ နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းပါတယ်။ ပြည် နယ် ရဲမှူးကြီးလည်း ပါတယ်။ အထွေထွေ အုပ်ချုပ်ရေးမှူးလည်း ပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ပြည်နယ် အစိုးရ အဖွဲ့မှ လူကြီးများကို တင်ပြရခြင်းမှာ အာဏာပိုင်များဘက်မှ အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်နေ၍ ဖြစ် ကြောင်း ဦးဇင်းက ဆိုသည်။

“ စစ်တွေမှာ သဲချောင်းဘက်က ၀င်လာတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်တွေ ပါနေတဲ့ အတွက် ရဟန်းတော်တွေကမနက်တိုင်းစစ်တွေ ကို ၀င်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဆေးတယ်။ ဒါကို ရဲအဖွဲ့က ရဟန်းတော်တွေ လုပ်စ ရာမလိုဘူး။ သူတို့ဘဲလုပ်ပါမယ်လို့ပြော တယ်။ အခုကျတော့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်တွေ ထပ်တွေ့ရတယ်။ အထူးသဖြင့် ဘူးသီးတို့မှာ ပါလာတယ်။ ဒါကြောင့် အာဏာ ပိုင်တွေကို ပိုပြီး အရေးစိုက်ပြီး လုပ်ဆောင်နိုင်အောင် တင်ပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အာဏာပိုင်များက အဆိပ်ပါသည်ဟု တင်ပြထားသော ဘူးသီးများကို လက်ခံ ယူထားလိုက်ပြီး ရန်ကုန်သို့ ပို့ကာ ဓါတ်ခွဲစမ်းသပ်သွား မည် ဟု သိရသည်။

ယမန်နေ့ကလည်း စစ်တွေမြို့မှ ဘူးသီးကြော်ဆိုင် တစ်ခုတွင် ဘူးသီးကြော်နေစဉ် ဘူးသီးကြော်များ ညိုစိမ်းသွားသဖြင့် အဆိုပါ ဘူးသီး ကြော် များကို သက်ဆိုင်ရာသို့ စစ်ဆေးရန် ပို့ပေးခဲ့သည်ဟု ရတပ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။

“ အဆိပ်ပါတဲ့ ဘူးသီးကြော်တွေကို ဆိုင်ရှင်က ကျွန်တော်ကို လာပေးတဲ့ အတွက် ကျွန်တော် သိမ်းထား ပါတယ်။ ဒါကို ဒီကနေ့ပြည်နယ်အစိုး ရ အဖွဲ့ဝင် လူကြီးတွေကို တင်ပြသွားပါမယ်” ဟု ဆိုသည်။

စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ( ဒုံးတိုက်ကွင်း ) မောင်မဲ ( ဘ) ဦးမောင်လှဝင်းသည် (၂၁ ) ရက် မေယူဈေးမှ ၀ယ်လာသော ဘူးသီး စား ရာမှ အဆိပ်မိ၍ ဆေးရုံ တင်ပို့ခဲ့ရသည်ဟု သိရ သည်။

ယခုကဲ့သို့ စစ်တွေတွင် ဟင်းသီးဟင်းရွက်များတွင် အဆိပ်ခတ်မူများ ရှိနေသဖြင့် ယခုအခါ ဟင်းသီးဟင်းရွက်ကို ၀ယ်ယူစားသုံးရန် ဒေ သ ခံများအကြား စိုးရိမ်စိတ်များ တိုးပွားနေကြ သည်ဟု သိရသည်။

No comments:

Post a Comment