Thursday, January 3, 2013

ကချင်စစ်အတွင်း လေယာဉ်နဲ့ တိုက်ခိုက်တာကို ကုလ စိုးရိမ်မကင်းဖြစ်

ABC

ကုလသမဂ္ဂရဲ့ ​အထွေထွေ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​မြန်မာ ​နိုင်ငံ၊ ​ကချင်ပြည်နယ်က ​လ ပေါင်း ​၂၀ကျော်ကြာပြီဖြစ်တဲ့ပြည်တွင်း စစ် မှာ ​အစိုးရ ​စစ်တပ်တွေက ​ဝေဟင်ကနေ ​လေယဉ်တွေ ​ရဟပ်ယာဉ်တွေကို ​အသုံးချနေတာ ကိုဗီဒီယို ​သာဓက ​အပြည့် ​အစုံနဲ့ရိုက် ထားတာ ထွက်ပေါ်လာတာနဲ့ ​အတူတကွ ​အစိုးရ ​ကလဲ ​လေယာဉ်နဲ့ ​တိုက်တယ်ဆိုတာ ​ဟုတ်မှန် တယ်ဆိုတဲ့ ​ဝန်ခံချက်တွေ ​ကြောင့်၊ ​စိုးရိမ်မကင်းဖြစ် မိတယ်လို့ ​ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ကုလသမဂ္ဂ ​ပြောခွင့် ​ရ ​ပုဂ္ဂိုလ် ​Martin ​Nesirky ​က ​ကချင်ပြည်နယ်မှာ ​ပစ်မှတ်ထားပြီး ​တိုက်ခိုက် ​မှု ​တွေ ​ရှိခဲ့ ​တယ်ဆိုတာကိုအထူးသ တိ ထားမိတယ်ဆို ​တဲ့အကြောင်း ​ပြောပြပါတယ်။

ဝေဟင်က ​နေ ​တိုက်လေယာဉ်တွေ ​နဲ့ ​တိုက်ခိုက်တယ်ဆိုတဲ့ ​သတင်းတွေကို ​ကုလသဂ္ဂကနေ ​အ နီးကပ်စောင့်ကြပ်​လေ့လာနေတဲ့အကြောင်း၊ ​မြန်မာအစိုး ​ရကိုလဲ ​ဒေသခံ ​အရပ်သားတွေ ​အသက်ဘေး ​အန္တရယ် ​မရောက်အောင် ​ထိန်း ထားဖို့ ​နဲ့ ​ကချင်ပြည်နယ်တွင်း ​ဒီထက်ပိုပြီး ​အခြေ အနေ ​ပိုဆိုးမလာအောင် ​သတိထားဖို့ ​ပြောခွင့်​ရ ​ပုဂ္ဂိုလ်ကနေ ​တဆင့် ​ပြောကြား ​ခဲ့ပါ တယ်။

လေယာဉ်နဲ့ ​တိုက်ခိုက်တယ်ဆိုတာကို ​အစိုးရ ​ဝန်ခံ

မြန်မာစစ်တပ်နဲ့ ​ကချင်လွှတ်မြောက်ရေးတပ် ​ကေအိုင်အေတို့အကြား ​ဖြစ်နေတဲ့ ​စစ်ပွဲအတွင်း ​မြန် မာစစ်တပ်အနေနဲ့လေယာဉ်တွေနဲ့ တိုက် ခိုက်တာ ​မလုပ်ခဲ့ဘူးလို့ ​သမ္မတရုံး ​ညွှန်ကြားရေးမှူး ​ဗိုလ်မှူးဖော်ဌေးက ​ပြောခဲ့ပေမယ့် ​ခုအခါမှာ ​တိုက်လေယာဉ်တွေနဲ့ ​တိုက်ခိုက်ခဲ့တယ်လို့ ​မြန်မာအစိုးရက ​ပြန်လည်ဝန်ခံ ​ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က ​လေယာဉ်တွေကို ​အသုံးပြုပြီး ​တိုက်ခိုက်နေတဲ့ ​သက်သေသာဓကတွေလည်း ​ထွက်ပေါ်လာပြီး ​အဲဒီဗီဒီယိုကိုတောနက် ထဲ ရောက် နေတဲ့ ​ဒုက္ခသည်တွေကို ​လိုက်လံကူညီပံ့ပိုးမှုလုပ်နေတဲ့ ​Free ​Burma ​Rangers ​အဖွဲ့က ​ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်စခန်းတစ်ခုကို ​ကချင်လက်ထဲကနေ ​ပြန်လည်ရယူဖို့ ​ကြိုးစားရင်း ​လေယာဉ်တွေနဲ့ ​တိုက်ခိုက်တဲ့အထိ ​ဖြစ်ခဲ့တာလို့ ​ငြိမ်းချမ်း ရေး လုပ် ငန်းစဉ်မှာ ​ပါဝင်တဲ့ ​အစိုးရအရာရှိ ​တစ်ဦးက ​အေဖက်ပီသတင်းကို ​ပြောပါတယ်။

မြန်မာစစ်တပ်ကနေ ​ရဟတ်ယာဉ်တွေကို ​အသုံးပြုတိုက်ခိုက်ခဲ့သလို ​ဂျက်လေယာဉ်အမောင်းသင် တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ​သမ္မတအကြံ ပေး တစ်ဦးဖြစ်တဲ့ ​ဦးလှမောင်ရွှေက ​ပြောခဲ့တာ ​ဖြစ်ပါတယ်။

လေယာဉ်ကို ​ဘယ်လိုနည်းနဲ့သုံးခဲ့သလဲဆိုတဲ့ ​အသေးစိတ်ကို ​ပြောဖို့ ​ငြင်းဆန်ခဲ့ပေမယ့် ​မြဝတီသတင်းဝဘ်ဆိုက်မှာတော့ ​ဒီဇင်ဘာလ ​၃၀ ​ရက် တုန်းက ​မြန်မာစစ်တပ်ကနေ ​လေယာဉ်နဲ့ ​တိုက်ခိုက်ခဲ့ရာက ​အရေးပါတဲ့တပ်စခန်းတစ်ခုကို ​သူပုန်တွေရဲ့ ​လက်ထက်ကနေ ​ပြန် လည် သိမ်း ပိုက်နိုင်တဲ့အကြောင်း ​ဖော်ပြထားပါတယ်။

ဒါကို ​ကြည့်ခြင်းအားဖြင့် ​မြန်မာစစ်တပ်ဟာ ​သမ္မတဦးသိန်းစိန်ရဲ့ ​ညွန်ကြားချက်ကို ​ကျော်လွန်ပြီး ​ထိုးစစ်ဆင်တာတွေလုပ်နေတာသိသာနေ တယ်လို့လည်း ​ပြောနေကြပါတယ်။ ​သမ္မတက ​မိမိကိုယ်ကို ​ခုခံကာကွယ်ဖို့အတွက်သာ ​လုပ်ဖို့မှာကြားထားပြီး ​ထိုးစစ်ဆင်တာတွေ ​မလုပ်ဖို့ ​မှာကြားခဲ့တာ ​ဖြစ်ပါတယ်။

ကချင်အဖွဲ့ရဲ့ ​ဒုနိုင်ငံခြားရေးဥက္ကဌ ​ဂျိမ်းလွန်းဒေါင်ကလည်း ​တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ ​နေရာ ဟာ ​ကချင်ဌာနာချုပ်ရှိရာနေရာနဲ့ ​၇ ​မိုင်သာ ​ဝေးတဲ့ ​နေရာဖြစ်တဲ့အကြောင်း ​အရင်တုန်းက ​ရဟတ်ယာဉ်တွေနဲ့သာ ​တိုက်ခိုက်ခဲ့ပေမယ့် ​ခုအခါမှာ ​လေယာဉ်တွေအသုံးပြုပြီး ​Rockets ​ဒုံး ကျဉ်တွေ၊ ​ဗုံးတွေကို ​ကျဲချနေတယ်လို့ ​ပြောပါတယ်။

သမ္မတရုံး ​ညွန်ကြားရေးမှူး ​ဗိုလ်မှူးဇော်ဌေးက ​မြန်မာအစိုးရက ​တွေ့ဆုံဆွေးနွေးမှုတွေ ​လုပ်ဖို့ ​ထပ်မံကမ်းလှမ်းထားပေမယ့် ​ကချင်ဖက် က ​ဘာမှ ​တုန့်ပြန်မှုမလုပ်သေးတဲ့အကြောင်း ​ပြောပါတယ်။ ​ကချင်ဖက်ကတော့ ​သူတို့အနေနဲ့ ​စစ်ရေးကို ​အာရုံစိုက်နေရတဲ့အတွက် ​ငြိမ်း ချမ်းရေး ဆွေးနွေးမှုကို ​အာရုံမစိုက်နိုင်သေးဘူးလို့ ​ပြောခဲ့တဲ့အကြောင်းလည်း ​ဗွီအိုအေ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

No comments:

Post a Comment