Friday, January 25, 2013

ဝန်ကြီးဦးသိန်းထွန်းကို အဂတိ လိုက်စားမှုနဲ့ စစ်ဆေးခံရဖွယ်ရှိ

ABC

မြန်မာနိုင်ငံမှာ ​ပြီးခဲ့တဲ့တပါတ်က ​ရာထူးကနေ ​အမှုမဲ့ ​အမှတ်မဲ့ ​နှုတ်ထွက်သွားတဲ့ ​ဝန်ကြီး ​ဦးသိန်း ထွန်းကို ​အဂတိလိုက်စားမှုနဲ့ခေါ်ယူ ​စစ် ဆေး နိုင်ဘွယ် ​ရှိတယ်လို့ ​သတင်းရ ​ရှိခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ​ဦးသိန်းစိန်က ​အကျင့်ပျက်လာဘ်စားမှုတွေကို ​ထိထိရောက်ရောက် ​အရေးယူမယ်လို့ ​ပြောကြားထားခဲ့ ​တဲ့ ​အတိုင်း ​နှုတ် ထွက် သွားတဲ့ ​ဝန်ကြီး ​နဲ့အစိုး ​ရ ​ထိပ်တန်း ​အရာ ​ရှိ ​တွေကို ​စုံစမ်းမေးမြန်း ​ပြီး ​အပစ်ထင်ရှားမှု ​ရှိ ​ခဲ့ ​ရင် ​ထိထိရောက်ရောက် ​အရေး ယူ သွားဖို့ ​ရှိတယ်လို့သိ ​ရ ​ပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနက ​အဂတိလိုက်စားမှု ​နဲ့ ​ပတ်သက်ပြီး ​ဆက်သွယ်ရေးဝန်ကြီးဌာန ​က ​အရာရှိ ​အယောက်၂၀ ​ကို ​နေပြည် တော်မှာ ​အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ​- ​စသုံးလုံး ​က ​ခေါ်ယူစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

အဂတိလိုက်စားမှု ​ကြီးထဲမှာ ​အစိုးရ ​အရာရှိ ​အယောက် ​၅၀ကျော် ​ပါဝင်တယ်လို့ပြောတဲ့အကြောင်းလည်း ​သိရပါတယ်။ ​မြန်မာအာဏာ ပိုင် တွေက ​ဝန်ကြီး ​ဟောင်း ​ဦးသိန်းထွန်းကို ​စောင့်ကြည့်နေပြီး ​နေပြည်တော် ​အပြင်ဘက်ကို ​ခရီးသွားလာခွင့် ​တားမြစ်ထားတယ်လို့လည်း ​သိရ ပါတယ်။

ပြီးခဲ့ ​တဲ့ ​လပိုင်း ​က ​အဂတိလိုက်စားမှုတိုက်ဖျက်ရေး ​ကော်မတီ ​ကို ​ဖွဲ့စည်းကြေငြာပြီးနောက် ​အခုလို ​မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ​အရာ ရှိတွေကို ​အထူးစုံစမ်းစစ်ရေးအဖွဲ့က ​လာဘ်စားမှုနဲ့ ​ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေတယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်လာတာ ​ဖြစ် ပါတယ်။

No comments:

Post a Comment