Friday, January 4, 2013

ကျားဖြူဥက္ကဌ ရာထူးမှဖယ်ပေးရန် ညီလာခံ၌တောင်းဆိုမှုရှိ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပနေသော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ညီလာခံ ပထမနေ့တွင် ပါတီဥက္ကဌ စိုင်း အိုက် ပေါင်းအား ရာထူးမှ နှုတ်ထွက်ပေးသင့်ကြောင်း တောင်းဆိုမှုရှိခဲ့သည်ဟု တက်ရောက်သူများက ပြောပါသည်။

“ပါတီဝင်တွေက မြို့နယ်အလိုက် မိမိမြို့နယ်အကြောင်းအစီရင်ခံတင်ကြတယ်။ ငိုက်မြည်းနား ထောင်နေကြ ရတာပေါ့။ မွန်းလွဲပိုင်းလောက် ရောက်တော့ - လူငယ်လေး တယောက်ကကျားဖြူ ပါတီ ဉက္ကဌ ဖြစ်တဲ့ စိုင်းအိုက်ပေါင်း ရာ ထူးကနေဖယ်ပေးသင့်တယ်လို့ ထပြောမှလူတွေ က လှုပ် လှုပ်ရှားရှားဖြစ်လာတယ်။ အစိုးရရဲ့ ဝန်ကြီး ရာထူးလက်ခံထားရင် ပါတီ ဥက္ကဌ ရာထူးကခေတ္တ ဖယ်ရှားပေးသင့်တယ် ။ နို့မဟုတ် ရင်တော့ ကျားဖြူပါတီဟာ အစိုးရရဲ့ပါတီ အလိုအလျောက် ဖြစ်သွားမယ်လို့သူက ပြော တာလေ ” - ဟု ညီလာခံတက် ရောက် သည့် နန်းဖေါင် ကပြောပါ သည်။

ကျားဖြူပါတီ၏ ပါတီညီလာခံ ပထမနေ့တွင် လဲချားမြို့နယ် ကျားဖြူပါတီဝင် လူငယ်တဦးဖြစ် သည့် စိုင်းလွန့် ခေး က သျှမ်းပြည်အစိုးရ၏ သတ္တုတွင်းဝန်ကြီးရာထူး ထမ်းဆောင်ထားသည့် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက် ပေါင်း အား ဝန်ကြီးရာထူးလက်ခံထားလျှင် ပါတီရာထူး မှ ခေတ္တ ဖယ်ရှားပေးသင့်ကြောင်း၊ သာမန်ပါတီဝင် တဦးအဖြစ်သာနေသင့်ကြောင်း တောင်းဆိုခြင်းဖြစ် သည်။

“လူငယ်တဦးက အဲဒီလိုတောင်းဆိုတာမှန်တယ်။ ဒါပေမယ့် စိုင်းအိုက်ပေါင်းက - ဥက္ကဌ ရာထူး က နေထွက်ပေးစေချင်တဲ့အဲဒီအဆိုကိုထောက် ခံရင် မတ်တပ်ထရပ်ပါ- လို့ စင်ပေါ်တက်လာပြီး ပြောတယ်။ အဆိုတင် တဲ့ ကောင်လေး နဲ့ နောက်တယောက်ကလွဲလို့ လူပေါင်း ၆၀၀ ကျော် က မကန့်ကွက်ဘူး။ ထောက်ခံကြတယ်။ တယောက်မှ မထဘူးလေ” - ဟု ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းလှကျော်က ပြောပါသည်။

ကျားဖြူပါတီ၏ ပြည်နယ်လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးကမူ ဒီမိုကရေစီနည်းကျကျလျှို့ဝှက် မဲစနစ်ဖြင့် ဆန္ဒကောက်ယူလျှင် ပါတီဝင် တို့၏ ဆန္ဒအမှန်ရလိမ့်မည်၊ လုပ်ဖို့လည်းလိုအပ်သည်ဟု သျှမ်းသံတော်ဆင့်အား သုံးသပ်ပြောပြပါသည်။

တာချီလိတ်မြို့၌ သုံးရက်ကြာကျင်းပမည်ဟု စီစဉ်ထားသည့် ကျားဖြူပါတီ၏ ဒုတိယအကြိမ် မြောက်ညီလာခံ အား မနက်ဖြန် ဂျန္နဝါရီ ၄ ရက် နေ့ ကျရောက်သော လွတ်လပ်ရေးနေ့ဂုဏ်ပြု ညစာစားပွဲသို့ သျှမ်းပြည်အစိုးရအဖွဲ့အနေဖြင့်တက်ရောက်ရန်ရှိသောကြောင့် ဥက္ကဌ စိုင်းအိုက် ပေါင်း က ယနေ့ နံနက်ပိုင်းကပင် နေပြည် တော်သို့ ပြန်သွားပြီဖြစ်ကြောင်း သိရသည်။ ထို့အတူ ဒုဥက္ကဌ စိုင်းဆောင်ဆီဦး ဆောင်မှုအောက် တွင် ဆက် လက် ကျင်းပနေသည့်ညီလာခံအားလည်း ယနေ့မှာပင် ထုတ်ပြန် ကြေငြာ ချက် ၆ ချက်ဖြင့် အဆုံးသတ် မည် ဖြစ်ကြောင်း၊ နက် ဖြန်နံနက်ပိုင်း ညီလာခံတက် ကျားဖြူပါတီဝင်များ ရွှေတြိဂံဒေသသို့ သွားရောက်လည် ပတ်ကာ ညနေပိုင်း၌ မိတ်ဆုံထမင်းဝိုင်းဝိုင်း၍ အစည်း အဝေးအောင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း တက်ရောက် သူများက ပြောကြပါသည်။

No comments:

Post a Comment