Tuesday, January 1, 2013

တောင်ကုတ် NLD ညီလာခံမှ ဦးတင်သိန်းအောင်ကို ဥက္ကဌ အဖြစ် ရွှေးကောက်တင် မြှောက်

မောင်ရမ္မာ

ဒီဇင်္ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော တောင်ကုတ်မြို့နယ်အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် NLD မြို့နယ်ညီလာခံတွင် ဦးတင်သိန်း အောင်ကို မြို့နယ် ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်လိုက်သည်ဟု သိရသည်။

ဦးတင်သိန်းအောင်ကို ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်သည့်အပြင်ဦးထွန်း ကြည် ကို ဒု ဥက္ကဌ အဖြစ်၎င်း၊ ဦးမင်းအောင်ကိုအတွင်း ရေးမှူးအဖြစ်၎င်းရွှေး ချယ် တင်မြောက်ခဲ့သည်။ တခြား ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးကိုလည်း ညီ လာခံတွင် ရွေးချယ်ခဲ့သည်ဟု ဆို သည်။

ညီလာခံတွင် မြို့နယ် ကော်မီတီကိုသာမက ဗဟို နှင့် ခရိုင် အဆင့် ညီလာခံ ကိုယ်စားလှယ်များကို ရွှေးချယ် တင်မြှောက်ခဲ့သည်ဟု မြို့နယ် အတွင်းရေး မှူး ဖြစ်လာသူ ကိုမင်းအောင်က နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့တို့ ဗဟို၊ ခရိုင်၊ မြို့နယ်အဆင့် လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ လွယ်ကူစေဖို့၊ တာဝန်ကိုယ်စီနဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေး မှာ ပါဝင်လုပ်ဆောင်နိုင်ဖို့ရည်ရွယ်ချက်နဲ့ ညီလာခံကျင်းပရတာ ဖြစ်ပါတယ်။ ညီလာခံ ကနေ မြို့နယ် ဗဟို အလုပ်အမူဆောင်ကော်မီတီ တွေကို သာမက ဗဟို ညီလာခံ ကိုယ်စားလှယ် ၃ ဦးနဲ့ ခရိုင်ညီလာခံ ကိုယ်စားလှယ် ၁၅ ဦးကို လည်း ဒီမိုကရေစီ နည်းလမ်း နဲ့ တညီတ ညွတ်တည်း ရွေးချယ်တင်မြှောက်နိုင်ခဲ့ပါတယ်” ဟုဆိုသည်။

ညီလာခံကို ဂွမြို့နယ် ညီလာခံကော်မရှင်အဖွဲ့မှ ဦးဆောင်ပြီး တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ကျင်းပခဲ့သည်။

တောင်ကုတ်မြို့နယ် ကျေးရွာအုပ်စု ၃၅ စုနှင့် မြို့ပေါ် ၄ ရပ်ကွက်မှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့သည်။

အလားတူ မြို့နယ် ညီလာခံ ကျင်းပနိုင်ရန် အတွက် မြေပုံမြို့နယ်တွင်လည်း ရပ်ကွက်၊ ကျေးရွာ ကော်မီတီများ ရွေးချယ် တင်မြှောက် နေ သည်ဟု မြေပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီး ခေါင်းဆောင် ဒေါ်မပုချေက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်မတို့ မြို့နယ်ညီလာခံ ကျင်းပနိုင်ဖို့အတွက် ရပ်/ကျေးအုပ်စုကော်မီရှင်အလုပ်အမှုဆောင်ကို ဒီဇင်္ဘာလ ၂၉ ရက်နေ့က ခေါင်းဖြူကျေး ရွာ အုပ်စုက ပါတီဝင်တွေအားလုံးကို ဖိတ်ကြားပြီးတော့ အလုပ်အမှုဆောင်အဖွဲ့တွေ၊ မြို့နယ် အဆင့်တက်ဖို့ ကိုယ်စားလှယ် တွေကို မဲစနစ်နဲ့ ရွေးချယ်ခဲ့ပါတယ်။”

NLD ၏ ရပ်/ကျေး ညီလာခံ လုပ်ပြီးသွားသော မြေပုံမြို့နယ်မှ ကျးရွာအုပ်စုများမှာ စွန်စစ်ကေအုပ်စု၊ ခေါင်းဖြူအုပ်စု၊ ကျောက်ငနွားအုပ် စု၊ မြို့မအုပ်စုများဖြစ်သည်။

No comments:

Post a Comment