ABC
မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆီကို ဦးတည်နေတဲ့ တိုးတက်မှုတွေရှိနေပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း စိုးရိမ်စရာ ဖြစ်နေတုန်း ပဲလို့ ကုလသမဂ္ဂက ပြော လိုက် ပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တားနားရဲ့ ၅ ရက် ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ပြော လိုက်တာ ဖြစ်ပါတယ်။
ကချင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနှိပ်စက်တာတွေ၊ လိုက်လံဖမ်းဆီးမှုတွေ လုပ်နေဆဲ ဖြစ်တယ်လို့ သောမတ်စ်အိုဟေး ကင်တားနားက ပြောပါ တယ်။
အဲ ဒါ့ အပြင် နှစ်ဖက်တပ်တွေက မြေမြုပ်မိုင်းတွေ အသုံးပြုကြတာကိုလည်း ရှုံ့ချလိုက်ပါတယ်။
ကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်အတွင်း နှစ်ဖက်တပ်တွေက မြေမြုပ်မိုင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတဲ့အကြောင်း ဒီလိုအသုံးပြုမှု ကြောင့် ပြည်သူတွေ သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေ အပြင် စိတ်ထိခိုက်တဲ့ဒဏ်ရာပါ ရနေကြရတယ်လို့လည်း ပြောပါတယ်။
သူ့ရဲ့ ခရီးစဉ်အတွင်း ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတစ်ခုကို သွားရောက်လေ့လာခဲ့တယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်မှာလည်း ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာလူမျိုးတွေကြား တင်းမာမှုအပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်းရခိုင်လူမျိုးတချို့က ပြည်တွင်း နဲ့ နိုင်ငံတကာက ကျန်းမာရေးလုပ်သားတွေအပေါ် ချိန်းခြောက်မှု တွေ လုပ်နေတဲ့အတွက် ရိုဟင်ဂျာမှုဆလင်ဒုက္ခသည်စခန်းတချို့မှာကျန်း မာ ရေးစောင့်ရှောက်မှု မလုပ်ပေးနိုင်တာတွေ ရှိနေတယ်လို့လည်း သောမတ်စ် အိုဟေးကင်တားနားက ပြောပါတယ်။
No comments:
Post a Comment