ABC
မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြတဲ့ကရင်လူမျိုးမိဘနှစ်ပါးရဲ့ သမီးငယ်ဖြစ်သူကို တရားမဝင် ခေါ်ဆောင်ပြီး အတင်းအဓမ္မအလုပ် စေ ခိုင်း နှိပ်စက်ခဲ့တဲ့ ထိုင်းလူမျိုး စုံတွဲ ဘယ်မှာရှိတယ်ဆိုတာ သတင်းပေး နိုင်မယ့်သူကို အမေရိကန်ဒေါ်လာ သုံးထောင်ကျော်နဲ့ ညီမျှတဲ့ ဆု ကြေးငွေပေးမယ်လို့ထိုင်းရဲတပ်ဖွဲ့ကကြေငြာလိုက်ပါတယ်။
အဆိုပါထိုင်းစုံတွဲကိုရဲတပ်ဖွဲ့ကအာမခံနဲ့လွှတ်ထားတာဖြစ်ပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ဖို့မနေ့ကရဲစခန်းကိုလာရမှာ ဖြစ်ပေမယ့် ရောက် မလာခဲ့တဲ့ အကြောင်း ဘန်ကောက်ပို့စ် သ တင်းစာမှာ ဖေါ်ပြထား ပါတယ်။
အဲဒီ ထိုင်းစုံတွဲဟာ ကရင်လူမျိုးကလေးမလေးကို အသက် ၇ နှစ်အရွယ်ကတည်းက တရားမဝင်ခေါ်ဆောင်သွားခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းက သူတို့ရဲ့အိမ်မှာ ချုပ်နှောင်ထားခဲ့တာ ဖြစ်တယ်လို့အစွပ်စွဲခံ ထား ရပါတယ်။
ထိုင်းစုံတွဲရဲ့နေအိမ်ကထွက်ပြေးလွတ်မြောက်ခဲ့တဲ့ကလေးမလေးက သူ့ကိုတခါတလေမှာခွေးအိမ်ထဲမှာပိတ်လှောင်ထားသလို နှိပ်စက် ညှဉ်း ပမ်းမှုတွေလုပ်ခဲ့တယ်လို့ ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။ ကလေး မလေးဟာ ရေနွေးပူလောင်းပြီးနှိပ်စက်တာခံခဲ့ရတဲ့အတွက် ခန္တာကိုယ် မှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတဲ့အတွက် ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
ဘန်ကောက်ပို့စ်သတင်းစာမှာဖေါ်ပြချက်အရ အဆိုပါထိုင်းစုံတွဲအနေနဲ့ တပါးသူအပေါ် အတင်းအဓမ္မကျွန်ပြုခိုင်းစေမှု၊ ညှဉ်းပမ်းနှိပ်စက်မှုနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်လူကုန်ကူးမှုအပါအဝင် အမှု ပေါင်းများစွာကို ရင်ဆိုင်ရလိမ့်မယ်လို့လည်း သိရပါတယ်။
No comments:
Post a Comment