ABC
မြန်မာနိုင်ငံအလံလွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောတစ်စီးဟာ ဖိလိပိုင်နိုင်ငံ မြောက်ပိုင်းမှာ နစ်မြုပ်သွားပြီး လူတစ်ဦးသေဆုံးပြီး ၁၄ ယောက် ပျောက်ဆုံးနေကြောင်း သိရပါ တယ်။
သင်္ဘောပေါ်မှာ အမှုထမ်း ၂၄ ယောက် လိုက်ပါလာပြီး အား လုံး က မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့အကြောင်း အဲဒီထဲက ၉ ဦးကိုသာ အသက် ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း အေဖက်ဖ်ပီ သတင်းမှာ ဖော်ပြ ထားပါတယ်။
MV Arita Bauxite ဟာ တရုတ်နိုင်ငံကိုအသွား တနင်္ဂနွေနေ့မှာ စက်အင်ဂျင်ပြဿနာကြုံတွေ့ရပြီးနောက် နစ်မြုပ်ခဲ့တာဖြစ်ပြီး ဘာကြောင့် နစ်မြုပ်သွားတဲ့အထိ ဖြစ်ရသလဲဆိုတာ မသိရသေးဘူးလို့လည်း ဆို ပါတယ်။
သင်္ဘောနစ်မြုပ်တဲ့ တနင်္ဂနွေနေ့ဟာ ရာသီဥတုအခြေအနေ ကောင်းတဲ့နေ့ဖြစ်ပြီး ဖြစ်ကြောင်းကုန်စင်ကိုလည်း သင်္ဘောပေါ် ပါလာသူတွေကို မမေးမြန်းရသေးဘူးလို့ ဖိလိပိုင်နိုင်ငံ အာဏာပိုင်က ပြောပါတယ်။ ပျောက်ဆုံးသူ ၁၄ ရောက်ကို ရှာဖွေဖို့ ရဟတ်ယာဉ်တွေနဲ့ လှေတွေပို့ဆောင် ထားပြီလို့လည်း ဆိုပါတယ်။
မြန်မာတွေပါလာတဲ့လှေ ပင်လယ်ထဲ ၂ လ မျောနေရာက သီရိလင်္ကာကယ်တင်ခဲ့
မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့လှေတစ်စီးဟာ ပင်လယ်ပြင်မှာ နှစ်လကြာ မျောနေခဲ့ပြီး ခုအခါမှာ သီရိလင်္ကာရေတပ်က ကယ်ဆယ် ထား ပါတယ်။
လှေပေါ်ပါလာသူ ၃၂ ဦးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး သူတို့နဲ့ ဆက်သွယ်စကားပြောဖို့ စီစဉ်နေပြီလို့ မြန်မာသံရုံးက အရာရှိက အေဖက် ပီ ကို ပြောပါတယ်။
အဲဒီလှေဟာ သြစတြေးလျနိုင်ငံကို သွားဖို့ စီစဉ်ခဲ့ပေမယ့် လမ်းမှာ ဒုက္ခရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလှေအပြင် တခြားလှေ နှစ်စီးလည်း လွန် ခဲ့တဲ့ နှစ်လကတည်းက တပြိုင်တဲ ထွက်ခွာခဲ့ကြပေမယ့် တခြား လှေနှစ်စီး ဘယ်ရောက်နေသလဲဆိုတာလည်း မသိရသေးပါဘူး။
လှေသုံးစီးမှာ ခရီးသည်ပေါင်း ၁၃၀ ပါဝင်ကြောင်းလည်း သိရပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့တုန်းကပဲ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၃၈ ယောက် တင်ဆောင်လာတဲ့ လှေတစ်စီး ပင်လယ်ပြင်မှာဒုက္ခ ရောက်ခဲ့တဲ့အတွက် သီရိလင်္ကာနိုင်ငံက ကယ်ဆယ်မှုတွေ ပြုလုပ် ခဲ့ပါတယ်။
လှေပေါ်ပါလာသူတွေဟာ ရိုဟင်ဂျာလူမျိုးတွေလားဆိုတာ မသိရသေးပေမယ့် အားလုံးက အစ္စလာမ်ဘာဝင်တွေဖြစ်ကြတယ်လို့ စကားပြန် ဘုန်းကြီးတပါးက ပြောခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment