ABC
ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ရှိ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် ကု လသမဂ္ဂနဲ့ နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့တွေနဲ့အတူ စားနပ် ရိက္ခာတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းဟာ မနေ့ကစပြီး ဖားကန့် ဒေသ ကိုရောက်ရှိနေပြီး ပစ္စည်းတွေကို ဖြန့်ဝေနေပြီလို့ သိရပါတယ်။
ဖေဖော်ဝါ ရီလ ၁၇ရက်နေ့က မြစ်ကြီးနားကနေ ထွက်ခွာလာတဲ့ ကုလသမဂ္ဂယာဉ်တန်းဟာ ဖားကန့်ဒေသက စစ်ပြေးဒုက္ခသည်တွေကို အကူ အညီပေးနိုင်ဖို့အတွက် ပထမဆုံးအကြိမ် သွားရောက်ခွင့် ရခဲ့ တာ ဖြစ်ပြီး ရိက္ခာ တွေ၊ အကူအညီပေးရေး ပစ္စည်းတွေနဲ့ ကုလ၀န်ထမ်းတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကား ၁၀ စီးပါဝင်တယ်လို့ ဖားကန့်မြို့နယ် (NDF)ပါတီက ဦးယော်ထုန်က အခုလိုပြောပါတယ်။
ဒီနေ့ လုံးခင်း ဖားကန့်မှာရောက်နေတယ်၊ အခုဝေနေပြီတဲ့၊ ဖားကန့်ရော၊ လုံးခင်းရော ဒီနေ့ ဟိုဘက်မှာ သူတို့တနေကုန်ပဲတဲ့၊ ခြင်တောင် တွေ၊ စောင်တွေ၊ အိုးခွက်ပန်ကန်တွေ၊ အစားအသောက်ရော ဘာရော ဒီနေ့ဝေနေကြတယ်သူတို့။
ဖားကန့်ဒေသမှာ ဒုက္ခသည်စခန်း ၄၀ကျော်ရှိနေပြီး စစ်ပွဲတွေဖြစ်ပွားနေချိန်မှာ ဒုက္ခသည်ဦးရေ ၅ထောင်ကျော် ရှိခဲ့ပေမဲ့ အခုချိန်မှာ တိုက်ပွဲ တွေငြိမ်သက်နေတဲ့အတွက် ဒုက္ခသည် ၃ထောင်ကျော်လောက်ပဲရှိ တော့တယ်လို့ ပြောပါတယ်။
အကူအညီပေးရေးယာဉ်တန်းဟာ ဒီကနေ့မှာတော့ ဖားကန့်နဲ့ ၄မိုင်လောက်ဝေးတဲ့ ဆိုင်းတောင်ဘက်မှာရှိတဲ့ စစ်ဘေးရှောင်တဲ့ဒုက္ခ သည် တွေဆီကို လာရောက်ကူညီပေးဖို့ရှိနေပြီး ဒုက္ခသည် တွေဟာ ဘုန်းကြီး ကျောင်းတွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ခိုလှုံနေကြတာ ဖြစ်တယ်လို့ ဦးယော် ထုန် က ပြောခဲ့တယ်လို့လည်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment