ABC
ဖိလိပိုင်နိုင်ငံ ရေပိုင်နက်အတွင်းမှာ နစ်မြုပ်သွားတဲ့ သင်္ဘော ပေါ် အတွင်း လိုက် ပါလာတဲ့ မြန်မာသင်္ဘောအမှုထမ်း ၁၄ ဦးကို ရှာဖွေမှုတွေလုပ်ခဲ့ကြပေမယ့် မတွေ့ခဲ့ဘူးလို့ သိရပါတယ်။
MV Harita Bauxite ဟာ မြန်မာအလံ လွှင့်ထူထားတဲ့ သင်္ဘောလို့ ထင်ခဲ့ကြပေ မယ့် အမှန်မှာတော့ ပနားမားအလံလွှင့်ထူထားတဲ့ သင်္ဘောဖြစ်ပြီး အမှုထမ်း တွေအားလုံး က မြန်မာ နိုင်ငံ သားတွေ ဖြစ်ကြကြောင်း မြန်မာနိုင်ငံ ပို့ဆောင် ညွန် ကြားရေးမှူး ဦးစီးဌာနက ပြောကြောင်း သိရပါတယ်။
သင်္ဘောအမှုထမ်း ၉ ဦးကို ဖိလိပိုင်အာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့ပြီး အဲဒီထဲ က ၂ ဦး ဒဏ်ရာရရှိတဲ့အတွက် ဆေးကုသမှုတွေ ပေးနေတယ်လို့ သိရပါတယ်။
အားလုံးက အင်္ဂလိပ်စကားမတတ်ကြသူတွေဖြစ်တဲ့အတွက် နိုင်ငံခြားရေးရာဝန်ကြီးဌာနက အကူညီတွေပေးနေပြီး သူတို့ကို ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာသံရုံးနဲ့ ဆက်သွယ်လုပ်ထားပါတယ်။
ဖိလိပိုင်အာဏာပိုင်တွေ ကယ်တင်လိုက်သူတွေကတော့ အသက် ၅၆ နှစ်အရွယ် အရာရှိ ဦးကြည်ဝင်း၊ အသက် ၃၄ နှစ်အရွယ် ဦးခင်မောင် ဝင်း၊ အသက် ၃၈ နှစ်အရွယ် ဦးအောင်ကျော်ခိုင်၊ အသက် ၂၉ နှစ်အ ရွယ် အောင်သူငြိမ်း၊ အသက် ၄၀ အရွယ် ဦးဝင်းစော၊ အသက် ၃၀ အ ရွယ် ဝင်းမင်းသိန်း၊ အသက် ၃၈ နှစ်အရွယ် အောင်စန်းဝင်း၊ ၂၉ နှစ်အရွယ် သန့်ဇင်မိုးနဲ့ ၅၃ နှစ်အရွယ် ဦးချိုအေးတို့ ဖြစ်ကြကြောင်းလည်း သိရပါတယ်။
သင်္ဘောရဲ့ စားဖိုမှူး ဦးမြင့်အောင်ကတော့ ရေနစ်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၁၄ ဦးကိုတော့ ရှာမတွေ့သေးပါဘူး။
နှစ်လကြာ ပင်လယ်ထဲ မျောနေတုန်း သေဆုံးသူ ၉၀ ကျော်ရဲ့ အလောင်းကို ရေထဲ ပစ်ချခဲ့လို့ အသက်ရှင်ကျန်သူတွေပြောပြ
ဘင်္ဂလား ပင်လယ်အော်ထဲမှာ နှစ်လကြာ မျောနေ ပြီး သီရိလင်္ကာရေတပ်က ကယ်ဆယ် ခဲ့တဲ့လှေပေါ်က အသက်ရှင်ကျန်ခဲ့ တဲ့ သူ တွေက သူတို့ နဲ့ပါလာသူ ၉၈ယေက် လှေပေါ်မှာသေ ဆုံးခဲ့တဲ့ အတွက် ပင်လယ်ထဲကို ပစ်ချ ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။
သေဆုံးသွားတဲ့ ၉၈ ဦးဟာ လှေပေါ်မှာ အစာရေစာ ငတ်ပြတ်မှုက နေ သေဆုံးသွားပြီးနောက် ပစ်ချခဲ့ရတာလို့ပြောပြပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က သိရိလင်္ကာနိုင်ငံ က ရေတပ်က ပင်လယ်ထဲကနေ လူကြီး၃၁ ယောက်နဲ့ ကလေး တယောက် အားလုံးပေါင်း ၃၂ ယောက် ကိုကယ်ဆယ်ခဲ့ပါတယ်။
လှေပေါ်လိုက်ပါလာသူတွေ ဟာ အစာရိက္ခာ တလ စာ သာ တင်ဆောင် လာတာဖြစ်ပြီး ပင်လယ်ထဲမှာ မျောနေတာ ၂လ အထိကြာသွား ခဲ့ တာဖြစ်ပါတယ်။
လှေပေါ်ပါလာသူတွေ က သူတို့ ကို သူတို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်က မူဆလင်တွေဖြစ်တယ်လို့ ဆို ကြပါတယ်။
အခုအချိန်မှာ ၁၅ဦး ဟာ ဆေးရုံမှာ ရှိ နေဆဲဖြစ်ပြီး ကျန် ၁၇ဦးကတော့ ဆေး ရုံ က ဆင်းပြီး၊ တရား မဝင်ရောက်ရှိမှု နဲ့ ထိန်သိမ်းခြင်း တရား ရုံး က အမှု ဖွင့် စစ်ဆေးမှုတွေ ခံနေရတယ်လို့ ဆိုပါတယ်။
ဖေဖွါရီ လဆန်း ၂ ရက်နေ့ ကလဲ ဘင်္ဂလားဒဲရှ ရေတပ်က ဘင်္ဂလားဒဲရှ နိုင်ငံသား ၁၂၇ နဲ့ မြန်မာ နိုင်ငံသား ၁၁ ယောက် ကို နစ်မြုပ်သွားတဲ့ လှေတစီးကနေကယ်တင်ခဲ့တယ်လို့သိရ ပါတယ်။
No comments:
Post a Comment