ABC
ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာ နိုင်ငံမှာ မြှုပ်နှံခဲ့တဲ့ စပစ်ဖိုင်းရား spitfire တိုက်လေယာဉ် ရှာဖွေရေးစီမံကိန်းကို ရပ်တန့်လိုက်ပြီလို့ သိရ ပါတယ်။
၁၉၄၅ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခါနီးမှာ မြန်မာ နိုင်ငံကို တင်ပို့ ခဲ့တဲ့ စ ပစ် ဖိုင်း ရား လေ ယာဉ် တွေကိုမြှုပ်နှံထားတယ်ဆိုတဲ့သတင်း တွေ တဖွဖွ ထွက်လာပြီး နောက်မှာ ရှာဖွေရေး စီမံကိန်းကို စတင်ခဲ့ တာဖြစ်ပါတယ်။
ရှာဖွေတူးဖေါ်ရေး စီမံကိန်းကို ဦးဆောင်တဲ့ ဗြိတိသျှ အဖွဲ့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်အနီးတဝိုက်ရှိ ဗြိတိသျှ အခြေခံတပ်စခန်း အဖြစ် အသုံးချခဲ့တဲ့ နေရာမှာ တူးဖေါ်ရှာဖွေမှု စီမံကိန်းမှာ သဲလွန် စ တစုံတရာမှာ မတွေ့ရှိ ခဲ့တဲ့အတွက် ရပ်တန့်လိုက်ပြီ ဆိုတဲ့အကြောင်းသ တင်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗြိတိသျှ သမိုင်း မော်ကွန်း အထောက်အထားတွေအရ မြန်မာ နိုင်ငံကို စပစ်ဖိုင်းရား လေယာဉ်တွေ ပို့သခဲ့တယ်ဆိုတဲ့ သက်သေအ ထောက် အထားတွေတွေ မတွေ့ ရှိခဲ့တဲ့ အကြောင်း ဖေါ်ပြခဲ့ပါတယ်။
No comments:
Post a Comment