Wednesday, February 20, 2013

SSPP/SSA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ နှစ်ရက်ဆက်တိုက် ပြန်လည်ဖြစ်ပွား

ဟင်္သာနီ (မွန်မြေ)

ရှမ်းပြည် တပ်မတော် မြောက်ပိုင်းဟု လူသိ များသည့် SSPP/SSA တပ်နှင့် အစိုးရ တပ်တို့အကြားဖေဖော်ဝါရီ (၁၉) နှင့် (၂၀) ရက်နေ့ နှစ် ရက် ဆက်တိုက်ပင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ရ သည်ဟု SSPP/SSA ပြော ခွင့်ရ ဗိုလ်မှူး စိုင်းလမှ ပြောသည်။

“ ခရမ ၃၂၂ က လောက်ကိုင် ကိုးကန့်ဘက်က တပ်လေ ၊ ဒီဂွင် မှာတော့ ကျွန်တော်တို့ တပ်ဖွဲ့ အပြင် အစိုးရရဲ့ အမြဲတမ်း တပ်ရော ဒေသ တပ်ရော လှုပ်ရှားတာ မရှိ ဘူးလေ၊ စစ်ရေး အင်အားကြီး ပြီးတော့ ထင်တိုင်း လုပ်နေတဲ့ သဘော သက်ရောက် နေတယ်၊ တိုက်ပွဲ ဘာကြောင့် ဖြစ်တာလဲ ဆိုတဲ့ အဓိက အချက်ကိုတော့ ကျွန်တော်တို့ ဘက်က ပြန်လည် သုံးသပ် နေတယ်၊” ဟု ဗိုလ်မှူး စိုင်းလမှ မဇ္ဈိမအား ပြောကြားခဲ့ သည်။

အစိုးရ တပ်မှ မိမိတို့၏ ထိန်းချုပ် ဒေသ တွင်းရှိ တပ်များအားလာရောက် တိုက်ခိုက်ခြင်းကြောင့်ပြန်လည်တိုက်ခိုက်မှုများ ဖြစ်ပွားရခြင်းဖြစ် သည်ဟု ဆိုပါသည်။

ယနေ့ နံနက် (၁၀) နာရီ ခွဲခန့်မှ တန်းယန်းမြို့နယ်တွင်းရှိ လွယ်လန်းတောင်၌ တစ်ကြိမ်နှင့် ယမာန်နေ့က လည်း ညနေ ၃ နာရီ ခွဲခန့်မှ ညနေ စောင်း (၅) နာရီ အထိ တန့်ယန်းမြို့နယ်တွင်းရှိ မိုင်းကောင် အရှေ့ဘက်၌ တစ်ကြိမ်နှစ်ရက် ဆက်တိုက်ပင် အစိုးရတပ်၏ ခမရ (၃၂၂) တပ် ရင်း အင်အားတစ်ရာ ကျော်ခန့်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင်း ထိခိုက် ကျဆုံးမှု အနေအထားကို လောလောဆယ်၌ မသိရ သေးဟု ဆိုသည်။

ပြီးခဲ့သည့် ဖော်ဖော်ဝါရီ (၁၀) ရက်နေ့၌ အစိုးတပ်၏ ခလရ (၃၃) တပ်မှ ခွင့်ပြုချက်မရပဲ SSPP/SSA ထိန်းချုပ် နယ်မြေ တွင်းသို့ ဝင်ရောက် ခဲ့ဖြင့် မိုင်းနင်းမိခဲ့ရာမှ ၄င်း ဒေ သတွင် နှစ်ဖက် တပ်များအကြား ရက် သတ္တတစ်ပတ်ခန့် စစ်ရေးတင်းမာမှု အနေအထားရှိခဲ့ပြီး ယမန်နေ့မှ စကာတိုက်ပွဲစတင် ဖြစ်ပွားခဲ့ပါသည်။

ယနေ့ ၌လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အကြား ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ရည်ရွယ်ထားသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် တရားဝင်အကြို ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်လျက်ရှိရာ ၄င်း အပေါ်လည်း တစ်စုံတရာ မှတ်ချက်မပေးလိုကြောင်းနှင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလမှ ပြောသည်။

ဗိုလ်မှူး စိုင်းလမှ “အခုတော့ စောင့်ကြည့် ရုံက လွဲပြီးတော့ ဘာမှမပြောချင် သေးဘူး၊ ပြောလည်း သူတို့ (အစိုးရ) တပ်ဘက်က လုပ်ချင်တိုင်း လုပ်နေတာပဲလေ၊ ပြောလဲ ဘာမှမထူးဘူးလေ၊ ငါလုပ်ချင်တိုင်း လုပ်လို့ရတယ်ဆိုတဲ့ အနေအထားမျိုးပေါ့၊ စစ်ရပ်စဲ တာလည်း ငါနားမလည် ဘူး၊ ငါလုပ်ချင်သလို လုပ်မယ်ဆို တာမျိုးပေါ့” မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန်လည် ဖြေ ကြားခဲ့သည်။

SSPP/SSA အဖွဲ့သည် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

SSPP/SSA အဖွဲ့နှင့် မြန်မာအစိုးရတို့ အကြား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂၈) ရက်နေ့မှာ အပစ် အခတ်ရပ်စဲရေး သဘောတူ လက် မှတ်ရေးထိုးခဲ့ကြသည်။ အပစ်အခတ် ရပ်စဲပြီးချိန်မှသည် ယခုအထိ တိုက်ပွဲပေါင်း (၅၀) ကျော် ဖြစ်ပွားခဲ့ကြပြီး ဖြစ်သည်။

ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရသည့် အပေါ်လည်း SSPP/SSA ဘက်မှ အစိုးရတပ်မှ အပစ်အခတ် ရပ်စဲရေးသဘော တူညီချက်ကို မလိုက်ဟု စွပ်စွဲပြောဆိုမှုများလည်း ရှိခဲ့သည်။

No comments:

Post a Comment