ABC
ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေကြား ၂၀၁၁ခု ဇွန်လ ၉ရက်နေ့ကနေ စတင်ဖြစ် ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ၂နှစ် နီးပါးပိတ်ထားခဲ့တဲ့ ဗန်းမော်-လိုင်ဇာကားလမ်းကို မတ်လ ၁၈ရက် နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒီကနေ့ ဗန်းမော်-လိုင်ဇာကားလမ်းပြန်ဖွင့်လိုက်တာနဲ့ ပတ်သက်လို့ ဗန်းမော်ဒေသခံတဦးက အခုလိုပြောပါ တယ်။
“ဗန်းမော်-မြစ်ကြီးနား ဒီနေ့သွားကြပါတယ်၊ စစ်ဖြစ်စကတည်းကနေပြီးမှ ယနေ့အချိန်ထိ ပိတ်ထား တယ်၊ ဒီနေ့မှစပြီး တော့သွားတာလေ၊ အ ဓိကတော့ ဒီလိုင်ဇာရယ်၊ ဒီ လွယ်ဂျယ်လမ်းရယ်က ကျနော်တို့ ဗန်းမော်ဒေသခံသားတွေ ကူးသန်းရောင်းဝယ်နေတဲ့ဝင်ပေါက်ထွက်ပေါက်ဂိတ် ပဲလေ၊ သွားလာရေးကြပ်တည်းသွားတဲ့အခါကျတော့ စီးပွား ရေးအရတော့ တော်တော်လေး အခက်အခဲဖြစ်သွားတယ်၊ လိုင်ဇာပိတ်သွားတဲ့အ ခါကျတော့တော့ တော်တော် လေးထိသွားပါတယ်၊ ဗန်းမော်မှာရှိတဲ့ ကုန်သည်တွေ။”
အခုလို ဗန်းမော်-လိုင်ဇာကားလမ်းပြန်ဖွင့်လိုက်တဲ့အတွက် ဒေသခံတွေက ကြိုဆိုခဲ့ကြပေမယ့် အခုမှပြန်ဖွင့်တာဖြစ်တဲ့အတွက် လောလော ဆယ် လုံးဝယုံကြည်စိတ်ချဖို့ မ၀ံ့မရဲဖြစ်နေကြတယ်လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေဖြစ်ပွားတာ လျော့နည်းသွားပြီး ဒါဟာငြိမ်းချမ်းလာမဲ့ အရိပ်အယောင်မျိုးဖြစ်နိုင်သလို အစိုးရနဲ့ KIAတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ပေါ်ထွက်လာ တဲ့ ရလာဒ် တွေအဖြစ်ဒေသခံတွေကယူဆနေပြီး ရည်ရှည်ထိန်းသိမ်းသွားဖို့လည်း ဒေသခံတွေက မျှော်လင့်နေတယ်ကြောင်း ရေဒီယိုသြတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment