ABC
မန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဘီးယားဟာ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်း ၄ခုမှာနေထိုင်နေရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို မနေ့ မနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
မစ္စတာ ဗီဂျေးနမ်ဘီးယားနဲ့အတူ သမတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ အစိုးရတာဝန်ရှိသူတွေ၊ ဗုဒ္စဘာသာ ဘုန်း တော်ကြီးတွေ၊ မူဆလင် ဘာသာရေးခေါင်းဆောင်တွေ၊ ခရစ်ယာန် ဘုန်းတော်ကြီးတွေ ပါဝင်တယ်လို့ မိတ္ထီလာမြို့ကို လိုက်ပါသွားတဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွေက အခုလိုပြောပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ မိတ္ထီလာမှာဖြစ်တဲ့ ပဋိပက္ခတွေကို သူ့အနေနဲ့ သွားပြီးတော့ကြည့်တယ်၊ ယာယီဒုက္ခသည်စခန်း ၄ခုကို သူတို့လိုက်ပြီးတော့လှည့်ကြည့်ပါတယ်၊ ဒုက္ခသည်စခန်းက ဗီဂျေးနမ်ဘီးယားတို့ မေးတဲ့လူအများစုကတော့ ရေပေါ့နော်၊ ရိက္ခာဒါတွေလည်း အဆင်ပြေပါတယ်လို့ ပြောတယ်၊ အများစုကတော့ သူတို့အနေနဲ့ မိုးမကျခင်မှာ သူတို့ရဲ့ နေရာတွေမှာ ပြန်နေလိုကြောင်းပေါ့နော် ဒါတွေကိုကူညီဖို့ဆိုတာတွေကို တော့ ပြောတာကျနော်တွေ့ပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေက အခုကိစ္စနဲ့ ပတ်သက်ပြီး လုပ်ဆောင်ခဲ့တဲ့သူတွေကို ဥပဒေအရအရေး ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဦးလှမောင်ရွေက အခုလိုဆက်ပြောပါတယ်။
ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည်တွေနဲ့ ဗီဂျေးနမ်ဘီးယားနဲ့ တွေ့ပြီးပြောပါတယ်၊ အများစု သူတို့ပြောနေ တာကတော့ သူတို့အားလုံးဟာ နှစ်ပေါင်းများစွာ အတူတကွယှဉ်တွဲနေထိုင်လာခဲ့နိုင်တယ်၊ ဒါပေမဲ့ဒီလူတစု ကြောင့် အဖျက်သမားတချို့ပေါ့နော် ဒီလိုလူတွေကြောင့် ဒီလိုဖြစ်သွားတယ်၊ ဒါကိုတော့ ဥပဒေနဲ့အညီ အရေးယူ ပေးဖို့ဆိုတာကို သူတို့ပြောတယ်၊ အဲဒါကိုလည်း ပြည်ထောင်စုဝန်ကြီးများကလည်း ဥပဒေနဲ့အညီသူတို့အရေးယူ ပေးပါ့မယ်ပြောတယ်၊ ဗီဂျေးနမ်ဘီးယားကလည်း ဥပဒေနဲ့အညီ ဘယ်သူ့ကိုမဆို အရေးယူပေးဖို့ သူအနေနဲ့လည်း ပြောတာတွေ့ပါတယ်ခင်ဗျ။
မစ္စတာ ဗီဂျေးနမ်ဘီးယာက ဒုက္ခသည်တွေကို အခုလို အခြေအနေမျိုး မြင်ရတာ စိတ်မကောင်းဖြစ် ရတဲ့အ ကြောင်း၊ ဒီလိုအဖြစ်ပျက်မျိုး နောက်ဆက်မဖြစ်အောင် ၀ိုင်းဝန်းလုပ်ဆောင်ဖို့လိုတဲ့အကြောင်း၊ ဒုက္ခ သည်တွေရဲ့ရင်ထဲမှာ အားငယ်တာတွေ၊ ၀မ်းနည်းတာတွေတွေ့ရပေမဲ့ သူတို့မျက်စိထဲမှာ အမုန်းတရားကို သူမတွေ့ရဘူးလို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တဆက်တည်းမှာ မိတ္ထီလာမြို့မှာ လုံခြုံရေးတွေ တင်းကြပ်ထားဆဲဖြစ်ပြီး တရားဥပဒေစိုးမိုးရေးအတွက် မိတ္ထီလာမြို့ဆူပူအကြမ်းဖက်မှုမှာ ပါဝင်တယ်လို့ ယူဆရသူ ၁၃ဦး၊ လယ်ဝေးမြို့ ဆူပူအကြမ်းဖက်မှုမှာပါဝင်ခဲ့တယ်လို့ ယူဆရသူ ၅ဦး၊ ရမည်းသင်းမြို့ဆူပူအကြမ်းဖက်မှုမှာ ပါဝင်တယ်လို့ ယူဆရသူ ၁၇ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ အစိုးရက မနေ့ညတုန်းက ကြေညာခဲ့ပါတယ်။
မိတ္ထီလာမြို့ ပဋိပက္ခကြောင့် ဒုက္ခသည် အယောက်ပေါင်း ၉ ထောင် ကျော်ရှိနေပြီး သေဆုံးသူ ၃၂ ဦး ထိရှိတယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်ထားပြီး မူဆလင်တွေရဲ့ အိမ်အလုံးပေါင်း ၄၀ လောက် မီးတင်ရှို့ခံရတယ်လို့လည်း ပြောတဲ့အကြောင်း ရေဒီယိုသြစတြေလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
ဒီလို ပဋိပက္ခမျိုး တခြားနေရာမှာ ဆက်ဖြစ်နိုင်လို့ ကျွမ်းကျင်သူတွေပြော
မိတ္ထီလာမြို့မှာ ဖြစ်ခဲ့တဲ့ ပပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက
မြန်မာနိုင်ငံမှာ လူမျိုးခြား ဘာသာခြား တွေအပေါ်ရှိတဲ့ အစွဲအလမ်းတွေကြောင့် ရွှေဆိုင်မှာ သာမာန်ဖြစ်ခဲ့တဲ့ ပြဿနာကနေ ခုလို လူတွေ သေကြေ ဒုက္ခရောက်တဲ့ ပဋိပက္ခတွေအထိ ဖြစ်နေရတာလို့ ပြောပါတယ်။
လေ့လာသုံးသပ်သူတွေရဲ့အဆိုအရ မြန်မာနိုင်ငံ ပိုမိုပွင့်လာပြီး လွှတ်လပ်မှု ပိုရှိလာတာနဲ့အမျှ လူမျိုးခြား၊ ဘာသာခြား တွေအပေါ် သီးမခံတဲ့စိတ်ဓာတ်တွေ ပိုမို ပြသလာကြပြီး ဒီတချီ မူဆလင်လူမျိုးတွေကို တိုက်ခိုက်သူတွေထဲမှာ ဗုဒ္ဓသံဃာတော်တချို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ်ထားရှိတဲ့ အမုန်းတရားတွေဟာ မူဆလင်လူမျိုးတစ်ခုလုံးအထိ ပြန့်နှံ့သွားပြီး မြန်မာနိုင်ငံမှာ တလွဲမျိုးချစ်စိတ်တွေ ပိုမို ပြင်းထန်လာနေတာတွေ့ရတဲ့အတွက် ဒီလို ပြဿနာတွေ ပိုမို ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင် Mael Raynaud က အေဖက်ပီသတင်းကို ပြောပါတယ်။
ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်တဲ့ မြန်မာနိုင်ငံမှာ ဘာသာခြားတွေကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရှုမြင်ဖို့ ခက်ခဲကြတဲ့အကြောင်း အထူးသဖြင့် တရုတ်၊ အန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နောက်ခံကလာတဲ့လူတွေ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြပေမယ့် မြန်မာနိုင်ငံသားအဖြစ် လက်ခံဖို့ ခက်ခဲနေဆဲပဲလို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ သွေးခြင်းနီးမှ မြန်မာနိုင်ငံသားအဖြစ် လက်ခံလိုကြပြီး ဘာသာရေးတူညီမှုကလည်း မြန်မာနိုင်ငံမှာ ဝင်ဆန့်နိုင်ဖို့ အထောက်အကူဖြစ်စေတယ်လို့ ပြောပါတယ်။
No comments:
Post a Comment