ကယားထဲ
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဒေသခံများ သောက်သုံးနေသည့် ဘီလူးချောင်းရေမှာ ရေရှည် ကျန်းမာရေးအတွက် ထိခိုက်မှုတွေရှိ လာနိုင်တယ်လို့ဆိုပြီး ထီးစဲခန်းမှ ရေသွယ်ယူနိုင်ရေးအတွက် ပြည် ထောင်စု လွှတ်တော်မှာ အဆိုတင်သွင်းဖို့ အစီအစဉ်ရှိ ကြောင်း က ယားပြည်နယ် ရှားတော မဲဆန္ဒနယ် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောပါတယ်။
အင်လေးဒေသတွင် စိုက်ပျိုးရေးလုပ်ငန်း အသုံးပြုတဲ့ ဓတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေမှာ ဓာတု ဆေးပစ္စည်းတွေ များလာတယ်ဆို တဲ့အတွက်ကြောင့် အင်းလေးကန်မှ ရေကညစ်ညမ်းလာတယ်လို့ ပြောပါတယ်။
ဦးဌေးရယ်က "ရှင်းရှင်းပြောရရင် ဘီလူးချောင်းရေက တော်တော် များများကျေးရွာတွေက ဒီဘီလူးချောင်းကရေကိုဘဲ အားကိုးနေရတာလေး ဘီလူးချောင်းရေက အင်းထဲ မှာက ပိုးသတ်ဆေးတို့နဲ့ စိုက်ပျိုးရေးထဲမှာလုပ်သွားတဲ့ အခါကျတော့ ရေကညစ် ညမ်းမှု ဖြစ်နေပြီပေါ့။ အဆိပ် သင့်တာ မရှိသေးပေမယ့်လို့ ဒီဟာရဲ့ နောက်ဆက်သွယ်မှာ ကင်ဆာသဘောမျိုး ဖြစ်လာတယ် ဆိုပြီးတော့ အဲဒါမျိုးရှိတယ်လေး။ ဒီထက် ကောင်းတဲ့ သောက်သုံးရေကို ထီးစဲခန်းဘက်ကရေကို ယူချင်တယ်ဆိုတဲ့အဆိုကိုတင်ဖို့ ရှိပါတယ်။ နောက်တကြိမ်အစည်း အဝေးမှာပဲ တင် မယ်" လို့ ပြောပါ တယ်။
၎င်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်က မိုးဗြဲဆည်နဲ့တဆက်တည်းဖြစ်ပြီး ကယားပြည်နယ် ဘီးလူးချောင်းအတွင်း စီးဆင်းသွား တာ ဖြစ်ပါတယ်။
လွိုင်ကော်မြို့နယ်အတွင်းတွင် အများအားဖြင့် ၎င်းဘီလူးချောင်းရေကို အသုံးပြုကြတာဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်တဲ့ ဓာတု ပစ္စည်းတွေ အသုံးပြုတာတွေ များလာရင် အယ်လကာလီ ပါဝင်မှုကို ဖော်ပြတဲ့အတိုင်းအတာ ပီအိပ်ခ်ျ (Level က ပိုမိုမြင့်တက်လာပြီးတော့ ရေ ကိုသောက်သုံးမရနိုင်တော့တဲ့ အဆင့်ထိ ဖြစ်လာနိုင်ပါတယ်လို့ ကရင်နီနယ်လှည့် ကျန်းမာရေးတဦးက ပြောပါတယ်။ "ရေမသန့် တာ လို့ခေါ်တာပေါ့။ သောက်သုံးရေဆိုရင် အသုံးပြုတဲ့ pH level တခုက ၆.၀ ဝန်းကျင်ပဲရှိရမယ်။ ဒီထက်များသွားရင်အက်ဆစ်များသွားတယ်။ရေထဲ မှာ အဲဒီအ ညစ်အကြေးတွေနဲ့အတူ အက်ဆစ်ပါဝင်မှုများ လာတာပေါ့၊ အက်ဆစ်အရမ်းလွန်ကဲရင်တော့ အဆိပ်အတောက်ဖြစ်တယ်။ အသဲတို့ကျောက်ကပ်တို့ ပျက်ဆီးနိုင်တယ်။" လို့ ပြောပါတယ်။
No comments:
Post a Comment