Sunday, March 24, 2013

လွိုင်ကော်မြို့ပေါ် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့်ပြုရန် လျှောက်တင်ထား

ကယားထဲ

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူလယ်သမားများ အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက်နေမှု ကိစ္စရပ်နဲ့ပတ်သက်လို့ လွိုင်ကော်မြို့ပေါ်တွင် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့်ပြုရန် သက်ဆိုင်ရာအာဏာပိုင်ထံသို့ ဥပဒေနှင့်အညီ ခွင့် ပြုမိန့် လျှောက်တင်ထားတယ်လို့ ဖရူဆိုမြို့နယ် ဒေသခံမှ ဆရာသဲရယ်က ပြောပါတယ်။

"လူထုဆန္ဒဖော်ထုတ်ပွဲကို စီတန်းလှည့်လည်ခြင်း လုပ်ဖို့အတွက် ခွင့်ပြုချက် သွားတင်ထားတယ်။ တင်ဖို့ဆိုတာကလည်း အရင်ကတည်းက ကြိုတင် ပြင်ဆင်ထားတယ်။ နောက်ပြီးတော့ တတ်ကျွမ်းတဲ့သူတွေနဲ့ ညှိနှိုင်းတယ်။ သူတို့ရဲ့ အကြံအဥာဏ်နဲ့ သူတို့ရဲ့ ဥပဒေလမ်းကြောင်း နဲ့ အကြံအဥာဏ်တောင်းပြီးတော့မှ ကျနော်တို့ ပြင် ဆင်ပြီး ဒီနေ့သွားတင်ပါတယ်" လို့ ပြောပါတယ်။

စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မည့်နေ့ကို ဧပြီလ ၁ ရက်နေ့တွင် လျှောက်တင်ထားကြောင်း၊ အကြောင်းအရာတွေကတော့ အမှတ် ၁၄ စစ် ရေးလေ့ကျင့်ရေးကျောင်းကို ပြန်ရုတ်သိမ်းဖို့၊ လယ်ယာမြေ သိမ်းဆည်းမှုတွေနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရပ်တန့်ပေးဖို့ ဆိုတဲ့ အချက်တွေကို လျှောက်တင်ထားတယ်လို့ သိရပါတယ်။

ယမန်နေ့ မတ်လ ၂၂ ရက်နေ့တွင် လွိုင်ကော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး မှလည်း ခွင့်ပြုမိန့် တင်ထားတဲ့စာကို လက်ခံရရှိပြီး ဖြစ်ကြောင်း သိရပါတယ်။

စီတန်းလှည့်လည်ခွင့်ကို လွိုင်ကော်မြို့တွင်သာ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် မနက် ၈ နာရီမှ ညနေ ၅ နာရီပြုလုပ်ခွင့်ပြုရန်တင်ပြတောင်း ဆို ထားကြောင်း ပြောပါတယ်။

ဥပဒေနှင့်အညီ နည်းမှန်လမ်းမှန်တရားဝင် ပြုလုပ်သွားရင် ဘယ်အရာမဆို လူထုဆန္ဒဖော်ထုတ်လို့ရကြောင်းပြည်နယ်ဝန်ကြီးချုပ်ဦးခင်မောင် ဦးက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောသွားပါတယ်။

"အခုက တရားဝင်လုပ်လို့ရပြီး ဆန္ဒပြတယ်ဆိုရင် ဆန္ဒပြလို့လည်း ရပါတယ်။ နည်းမှန်လမ်းမှန်နဲ့လုပ် ဘာမှခွင့်မပြုနိုင်စရာ အကြောင်းမရှိပါ ဘူး။ ခွင့်မပြုတာတွေဆိုတာက နားလည်မှုတွေ လွှဲနေပါတယ်"

No comments:

Post a Comment