ABC
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က နိုင်ငံရေးပါတီထူထောင်ဖို့ မူအရ သဘောတူထားတယ်လို့၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
အခုလိုနိုင်ငံရေးပါတီ ထူထောင်ဖို့ ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီစနစ် အခြေကျဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အပါအ၀င် ငြိမ်း ချမ်း ရေး ဖြစ်ထွန်းစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး ပါတီတခု ထူထောင်ဖို့ မူဝါဒရှိနေပေမယ့်လည်း သူ့အနေနဲ့တော့ အနုပညာဖက်ကို အားသန်တဲ့အတွက် ပါတီထောင်တဲ့ အထဲမှာတော့ မပါဝင်ဘူးလို့လည်း သူက ဆိုပါတယ်။
"ထောင်ချင်တဲ့သူတွေထောင်ခွင့် ရှိတယ်ဆိုတာကို သဘောတူထားတာ ရှိတယ်။ ပါတီတစ်ခုတည်းမှာ ရှိသမျှ ၈၈ တွေအကုန်လုံး ပါဝင်မယ်လို့လုံးဝမဟုတ်ဘူး။"
၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့ အခု ၂၀၁၃ ခုနှစ်မှာတော့ နိုင်ငံရေးပါတီထောင်ဖို့ မရှိသေးဘဲ အရပ်ဘက် ပွင့်လင်းလူ့အဖွဲ့အစည်းကို အရှိန်မြှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး လာမယ့် ၂၀၁၄ မှာတော့ နိုင်ငံရေးပါတီတစ်ခု ဖြစ်ပေါ်လာဖို့ ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်တဲ့အကြောင်း၊ ပါတီ ထောင်တဲ့အခါမှာ၈၈ မျိုးဆက်ထဲက ဘယ်သူကတော့ နိုင်ငံရေးပါတီလိုင်းကိုသွားမယ်။ ဘယ်သူက တော့ NGO လိုင်းမှာ ကျန်ခဲ့မယ် ဆိုတာ အဲဒီခါကျမှ အတိအကျ ပြောလို့ရမှာဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသား ကိုမင်းဇေယျက ပြောပါတယ်။
"ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းလုပ်ငန်းစဉ်တွေကိုအရှိန်မြှင့်လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းကျမှ သာလျှင် နိုင်ငံရေးပါတီထူထောင်ဖို့ ကိစ္စကို အသေးစိတ် ဆွေးနွေးပြီး တော့ တရားဝင် သတင်းထုတ်ပြန်မှာပါ။"
ဒါပေမယ့် အမေရိကားမှာ ခေတ္တရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က ကိုဌေးကြွယ်က BBC နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ကိုကိုယ်စားပြုပြီး နိုင်ငံရေးပါတီတစ်ခု ဒီနှစ်ထဲပေါ်ထွက်လာဖို့ ရှိတယ်ဆိုတဲ့ အကြောင်း၊နှစ်ပေါင်းများစွာ အခြေတည်လာတဲ့ ပြည်တွင်း
နိုင်ငံရေး အကျပ်အတည်းတွေကြောင့် လက်နက်ကိုင်နေကြတဲ့ တိုင်းရင်းသားတွေ၊ ဒုက္ခသည်တွေလို ပြည်ပမှာရောက်နေကြတဲ့ မြန်မာနိုင်ငံ သားအားလုံးကိုပြုပြင်ပြောင်းလဲမှု ထဲမှာ ပါဝင်စေလိုတဲ့ဆန္ဒ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်အားလုံးမှာရှိ နေတယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် မေငယ်က သတင်းပေးပို့ ခဲ့ပါတယ်။
No comments:
Post a Comment