ABC
မတ်လ ၁၉ရက်နေ့မှာကျင်းပတဲ့ ပြည်သူ့လွတ်တော်အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်းပါ ညှင်းပမ်းနှိပ်စက်အပစ်ပေးမှုကိုဆန့်ကျင်တဲ့အကြောင်း သဘောတူညီချက် လက် မှတ်ထိုးဖို့ အဆိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းထဲမှာ ညှင်းပမ်းနှိပ်စက်မှုနဲ့ တခြားလူမဆန်တဲ့ ရက်စက်ကြမ်းကြုပ်မှု၊ ဂုဏ်ငယ်စေတဲ့ အပြုအမူ အပြစ်ပေးမှုတွေကို ဆန့်ကျင်ဖို့ ဆိုတဲ့ အကြောင်းတွေ ပါရှိပါတယ်။
အဲဒါအပြင် ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံထားရတဲ့ မြန်မာ အကျဉ်းသားတွေရဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း အဆိုတင်သွင်း ခဲ့တယ်လို့ သိရပါတယ်။
အခုလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပွင့်ဖြူမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညိုက တင်သွင်းတဲ့အဆိုနဲ့ ပတ်သက်ပြီး ဒုတိယရှေ့ နေချုပ်ကလည်း၂၀၀၈အခြေခံ ဥပဒေ မှာလည်း နိုင်ငံသား တယောက်ကို လူ့သိက္ခာညိုးနွမ်းအောင် အပြစ်မပေးစေရလို့ ပါတဲ့အကြောင်း၊ ရဲချုပ် ကျော်ကျော်ထွန်း ကလည်း ရဲတပ်ဖွဲ့မှာလည်း မတရားညှင်းပမ်း နှိပ်စက်မှုတွေနဲ့ အရေးယူ အပစ်ပေးမှုတွေ မလုပ်ဖို့ ညွန်ကြားထားတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရရဲ့ဆောင်ရွက်ချက်တွေကို လွတ်တော်ကမှတ်တမ်းတင်ထားပြီး စောင့်ကြည်သွား မှာဖြစ်တယ်လို့ ဥတ္တရသီရိမြို့နယ်ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးမင်းသူက အခုလိုပြောပါတယ်။
“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကျေညာစာတမ်း အပိုဒ် ၉ပေါ့၊ article 5 အဲဒီကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးဖို့ အဆိုကိုတင်သွင်းတာပါခင်ဗျ၊ ဒီအပေါ်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့က ဒီအဆိုကို လက်ခံ သင့်တဲ့အကြောင်း ပြောပါတယ်၊ လွတ်တော်ကလည်း ကန့်ကွက်သူမရှိလက်ခံတယ်ပေါ့လေ၊ အဲဒါကြောင့် လွတ်တော်က ဒီကိစ္စကို မှတ်တမ်းတင်ထားမယ်၊ ကတိဂ၀တ်အစိုးရဘယ်လို ဆောင်ရွက် မယ်ဆိုတာ စောင့်ကြည့်သွားမယ်ဆိုတဲ့သဘောမျိုးပါပဲ။”
မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို လွတ်လပ်ရေးပြီး ကတည်းက ရေးထိုးထားပေမဲ့ အပိုဒ်လိုက်ရေးထိုးတဲ့ ကွန်ဗင်းရှင်းမျိုးကိုတော့ ခုချိန်ထိ မရေးထိုးရ သေးဘူးလို့ ပြောပါတယ်။
လူသားဂုဏ်သိက္ခာညိုးနွမ်းစေတဲ့ လူမဆန်တဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကို ဆန့်ကျင်တဲ့ သဘော တူညီချက်နဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှအာဆီယံနိုင်ငံတွေထဲက နိုင်ငံ ၅နိုင်ငံလက် မှတ်ရေး ထိုးထားပြီးဖြစ်သလို ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀ကျော်လည်း လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားများနဲ့ မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ ထိုင်းနိုင်ငံ သားများ ကိစ္စနဲ့ ပတ်သက်တဲ့ သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့အဆိုတင်သွင်းချက်ကို လွတ်တော်မှာ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးမင်းသူက အခုလို ဆက်ပြောပါတယ်။
“ထိုင်းနိုင်ငံမှာ အကျဉ်းသား ၃၀၀၀ရှိတယ်ပေါ့လေ၊ ဒါပေမဲ့ အခြားNGO အဖွဲ့အစည်းတွေရဲ့ ပြောပြချက်အရ ၁သောင်းဝန်းကျင်လောက်ရှိတယ်ပေါ့ အကျဉ်းသားတွေ အဲဒီအတွက်ကို ဘယ်လိုလွတ်အောင်ကြံရွယ်နိုင်မလဲ၊ ဗမာနိုင်ငံကတော့ ထိုင်းအကျဉ်းသားတွေကို လွတ်ပေး တာတွေရှိတယ်ပေါ့ဗျာ၊ အဲဒါအကျဉ်းသားချင်းလှဲ လှယ်တဲ့ စာချုပ်ရှိမရှိ မေးပါတယ်။”
ဒုတိယဗိုလ်ချုပ်ကြီးရဲချုပ်ကျော်ကျော်ထွန်းကတော့ ထိုင်းဘုရင်မွေးနေ့တွေမှာ၊ မိဘုရားမွေးနေ့တွေမှာ ထိုင်းနိုင်ငံရဲ့ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်ပေး တာတွေရှိတဲ့အတွက် အဲဒီအထဲမှာ မြန်မာနိုင်ငံသားတွေ ပါအောင် ကူညီပေးတာတွေရှိပေမဲ့ လွတ်မြောက်အောင် ဆောင်ရွက်ပေးမယ် ဆိုတာတော့ ပြောဆိုတာမျိုးမရှိ ဘူးလို့ ဦးမင်းသူက ပြောပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်အရလွတ်ပေးတဲ့အကျဉ်းသားတွေကို ဒေသပြန်နိုင်အောင်နဲ့ အကျဉ်းကျခံနေစဉ် မှာ မိသားစုနဲ့ အဆက်အသွယ်ရနိုင်အောင် ကူညီပေးတာတွေရှိတယ်လို့လည်း ပြောဆိုခဲ့တဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက်မြတ်မိုးကသတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment