ABC
မြန်မာနိုင်ငံမှာ FEC လို့ခေါ်တဲ့ နိုင်ငံခြားငွေလဲလှယ်ရေးလက်မှတ်တွေကို ရုပ်သိမ်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။
လက်ကျန်ရှိနေသေးတဲ့ လက်မှတ် တန်ဘိုး အမေရိကန် သန်း ၃ဝ ကို ဖြည်းဖြည်းချင်း ပယ်ဖျက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အာရှတိုက်ထဲက ကမ္ဘာလှည့်ခရီးသည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရင် FEC မလဲ မနေရ လဲခဲ့ကြရပါတယ်။ မြန်မာ တနိုင်ငံလုံးမှာ ကျပ်ကို အသုံးချတဲ့အတွက် FEC နိုင်ငံခြားငွေလဲလှယ်တဲ့ လက်မှတ်တွေဟာ မလိုအပ်တဲ့ စာရင်းရှုပ်တဲ့ အလုပ်အပိုတခုလို မြင်နေကြပါတယ်။
စီးပွားရှင်တွေက အခုလို FEC တွေကို ဖယ်ရှားလိုက်တာကို ကြိုဆိုခဲ့ကြပြီး ဒီလက်မှတ်တွေကို ရုပ်သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် FEC လက်မှတ်တွေကို ဘဏ်တွေမှာ တိုးကြိတ် အလုအယက် လဲလှယ်ဖို့ ဖြစ်လာ နိုင်တယ်လို့ သတိပေး ပြောဆိုသွားပါတယ်။
အခုလို မဖြစ်ရအောင် အမေရိကန်ဒေါ်လာအစားထိုးသုံးတဲ့ FEC လက်မှတ်တွေ ဟာ အမျိုးမျိုးဈေး ကစားနေပြီး ပြန်လဲလှယ်တဲ့အခါမှာ အစိုးရက သတ်မှတ်ပေးတဲ့ ဒေါ်လာ နှုန်းထားအတိုင်း ဒီလအတွင်းလဲပေးဖို့ ဗဟိုဘဏ်၊ နိုင်ငံတော် ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနဲ့ ဆက်စပ် အဖွဲ့အစည်းများ ပူးပေါင်းပြီး စနစ်တကျစီမံဆောင်ရွက် သွားမှာဖြစ်ပါတယ် လို့လည်း သိရပါတယ်။
No comments:
Post a Comment