ABC
မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့တွေက ဗုဒ္ဓဘာသာနဲ့မူစလင်ဘာသာကြား ပဋိပက္ခတွေ အိမ်တွေ ဗလီတွေ မီး ရှို့ဖျက်စီးမှုတွေ ကို တားစီးခြင်းမပြုလုပ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးပြုလုပ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြပ်ရေး အဖွဲ့ကတိုက်တွန်းခဲ့ပါတယ်။
မိတ္တီလာ မြို့လည်ခေါင်မှာ မကြာသေးခင်က မီးလောင် ပျက်စီး သွားပြီး ပြာကျနေတဲ့ မြင်ကွင်းတွေကို လူ့အခွင့်အရေး စောင့်ကြပ်ရေး အဖွဲ့ က ဂြိုဟ်တုကနေ ရိုက်ထားတဲ့ ပုံတွေကို ထုတ်ဖေါ် ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း က ဗုဒ္ဓဘာသာနဲ့ မူစလင် ဘာသာကြား ပဋိပက္ခတွေမှာ ရပ်ကွက်လိုက် မီးရှို့မှုတွေ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး တရားခံတွေကို စုံစမ်းဖေါ်ထုတ်ပေး ဖို့ အစိုးရမှာ တာဝန်ရှိ တယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းရဲ့ ဒါရိုက်တာ ကပြောသွားပါတယ်။
လူ့အခွင့်အရေးဆိုင် ရာအဖွဲ့က ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့တဲ့ မိတ္တီလာမြို့မှာ ရဲတပ်ဖွဲ့ အနေနဲ့ ပဋိပက္ခတွေကို ရက်အနည်းငယ် ဆက်လက်ဆိုးဝါး လာ နေတဲ့ အထိ အရေးယူခြင်း မရှိ ခဲ့ဘူးဆိုတဲ့ သက်သေ သာဓကတွေကို တွေ့ ခဲ့ တယ်လို့ ဆိုထားပါတယ်။
ဆက်လက်ပြီးတော့ မိတ္တီလာမှာ ဖြစ်ပွါးခဲ့ တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေဟာ ရခိုင်ပြည်မှာ ဖြစ်ပွါးသွားခဲ့ တဲ့ အခြေအနေမျိုး - လူပေါင်း ၁၈၀ လောက်သေဆုံးပြီး လူနေရပ်ကွက်တွေ မီးလောင်ပြာကျခဲ့ တဲ့ အခြေအနေ နဲ့ တူနေ တဲ့ အကြောင်း -- မိတ္တီလာမြို့မှာ မူစလင်ဘာသာဝင်ဦးရေ သိသိသာသာများပြားမှု ရှိ နေတယ်ဆိုတာ တွေ့ရှိ ခဲ့ရတဲ့ အကြောင်းတွေကိုပြောသွားပါတယ်။
ပြီးခဲ့တဲ့တပါတ်က သမ္မတဦးသိန်းစိန်က နေပြီး အကြမ်းဖက်သူတွေ ကို ထိထိရောက်ရောက်အရေးယူမှာဖြစ်တဲ့အကြောင်း၊ နိုင်ငံရေး အခွင့်အရေးသမားတွေ နဲ့ ဘာသာရေး အစွန်းရောက်သူ တွေရဲ့လက်ချက်ဖြစ်တဲ့အကြောင်းတွေ ကို ပြောဆိုပြီး နောက် အခြေအနေ ငြိမ်သက်သွားတဲ့ သဏ္ဍန်ရှိ တယ်လို့ လူ့အခွင့်အရေး စောင့်ကြပ်ရေး အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ နှစ်က ရခိုင်ပြည်အရေးအခင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဟာ မူစလင်ရွာသူရွာသားတွေကို သတ်ဖြတ်ခဲ့ပြီး အစိုးရ စစ်တပ်ဖွဲ့ဝင်တွေက ဘာမှ မလုပ်ဘဲ ကြည့်နေကြတယ်လို့ လူ့ အခွင့်အရေး စောင့် ကြပ်ရေးအဖွဲ့က စွပ်စွဲခဲ့ပါတယ်။
ဒီတချီမှာ လဲ အလားတူ အခြေအနေမျိုးတွေကို မြင်တွေ့ရတဲ့ အကြောင်း လုံခြုံရေးတွေက ဆူပူမှုတွေငြိမ်းသွားအောင် မိုးပေါ်ကို ထောင်ပြီး သေနတ်ပစ်ခဲ့ တဲ့ အကြောင်း၊ ဒါပေ မဲ့ တိုက်ခိုက်မှု တွေကို လက်ပိုက်ကြည့် နေခဲ့ တယ်လို့ စွပ်စွဲပြော ဆိုသွားပါတယ်။
စောစောပိုင်းက ကုလသမဂ္ဂ က နေ စွပ်စွဲထားတာတွေကို မြန်မာ အစိုး ရ က အခြေ အမြစ်မရှိ တဲ့ စွပ်စွဲချက်တွေလို့ ငြင်းဆိုထားပါတယ်။
အစ္စလာမ်ဘာသာဝင်နိုင်ငံများ ပေါင်းစည်းထားတဲ့ OIC အဖွဲ့ဝင်နိုင်ငံက ဝန်ကြီးတွေက လာမည့် စနေနေ့မှာ မြန်မာ နိုင်ငံက ဘာသာရေး ပဋိပက္ခ နဲ့ ပတ်သက်ပြီးတွေ့ဆုံဆွေးနွှေးမှာဖြစ်တဲ့အကြောင်းနဲ့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကို လဲ အရေးယူဆောင်ရွက်ပေး ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
No comments:
Post a Comment