ABC
အစ္စလာမ်ဘာသာပူပေါင်းဆောင်ရွက်ရေး အဖွဲ့ခေါင်းဆောင် Ekmeleddin Ihsanoglu က အခုလာ မည့် စနေနေ့မှာ အဖွဲ့ဝင်နိုင်ငံများက ဝန်ကြီးတွေ က မြန်မာ နိုင်ငံမှာဖြစ်ပွါးသွါးတဲ့ မူစလင်ဘာသာ ဆန့်ကျင်ရေး အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေး နွှေးဖို့ ရှိ တယ်လို့ ကြေညာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ ရက်ကာလ အတွင်း ဖြစ်ပွါးသွားတဲ့ အကြမ်းဖက်မှုမှာ အဆောက်အဦးပေါင်း ၁၃၀၀ကျော်ဖျက် စီးခြင်းခံ ရ ပြီး လူပေါင်း ၄၃ဦးသေဆုံးခဲ့ပါတယ်။
အစ္စလာမ်ဘာသာပူပေါင်းဆောင်ရွက်ရေး အဖွဲ့ခေါင်းဆောင် Ekmeleddin Ihsanoglu က မြန်မာ နိုင်ငံမှာဖြစ်ပွါးသွားတဲ့ မူစလင် ဘာသာဝင် တွေ အပေါ် အကြမ်းဖက်ခဲ့တာနဲ့ ပတ်သက်ပြီး လို အပ် တဲ့ ဆောင်ရွက်ချက် တွေကို ပြုလုပ်သွားဖို့ အဆင်သင့် ရှိ နေတယ်လို့ပြောခဲ့ပါတယ်။
မြန်မာအစိုး ရ ကိုလဲ မြန်မာနိုင်ငံတွင်း အစွန်းရောက် ဗုဒ္ဓ ဘာသာ ဝင်များ ရဲ့ မုန်းတီးမှု ဝါဒီ တွေ နဲ့ ပြည်တွင်း လူမျိုးရေး သန့်စင်တဲ့ မူစလင်တွေအပေါ် နှိမ် နင်းမှု တွေ ကို အဆုံးသတ်ပေး ဖို့တောင်းဆို ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ နဲ့ နွယ်ပြီးလူပေါင်း ၆၈ ဦးကိုဖမ်းစီးထားတယ်လို့ လဲ သိရ ပါတယ်။
အကြမ်းဖက်မှုတွေ ကြောင့်လူပေါင်း ၁၁၃၇၆ဦးလဲ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့သိ ရ ပါတယ်။
မြို့နယ်ပေါင်း ၁၅ မြို့နယ်မှာ အကြမ်းဖက်မှု စုစုပေါင်း ၁၆၃မှု ဖြစ်ခဲ့ တယ်လို့ မြန်မာ ပြည်တွင်း သတင်းတွေမှာ ဖေါ်ပြခဲ့ပါတယ်။
လူဦးရေသန်း ၆၀ လောက်ရှိ တဲ့ မြန်မာ နိုင်ငံမှာ ၄%လောက်ဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ် နိုင်ငံနွယ်ပွါးများ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဘာသာရေးအစွန်းရောက်သူတွေကြောင့် ပြဿနာဖြစ်လို့ ကျွမ်းကျင်သူတွေပြော၊ ပြဿနာကြောင့် မြန်မာ့ဂုဏ်ညိုးနွမ်းလို့ သမ္မတဆို
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာဟာ မူစလင်တွေကို မုန်းတီးတဲ့ ဘာသာရေး အစွန်းရောက်သူတွေကြောင့်ဖြစ်ပြီး အဲဒီထဲမှာ အစွန်းရောက်တဲ့ ဗုဒ္ဓသံဃာတော်တွေလည်း ပါဝင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံမှာ မူစလင်လူမျိုးတွေကို မုန်းတီးတဲ့အဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုတာ သိသာနေတဲ့အကြောင်း အဲဒီထဲက ဗုဒ္ဓသံဃာတချို့ဟာ အစ္စလာမ် ဘာသာအပေါ် သီးမခံဖို့ မုန်းတီးဖို့ အကြောင်းတွေ တရားဟောနေတဲ့အကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာရေး ICG အဖွဲ့က Jim Della-Giacoma က ပြောလိုက်ပါတယ်။
မူစလင်လူမျိုးတွေ အစီအစဉ်ကျကျ နှိမ်နှင်းခံနေရတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် ဒီဖြစ်ရပ်တွေကို အနစ်တကျ စီစဉ်သူတွေ ရှိတယ်ဆိုတာကို ပြသတယ်လို့ ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမှာ ရှေ့ပြေးအဖြစ် ရှုမြင်ခဲ့ကြတဲ့ သံဃာတော်တချို့ဟာလည်း ပဋိပက္ခအတွင်း ပါဝင်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
သံဃာတော် ဦးဝီရသူဦးဆောင်တဲ့အဖွဲ့ကတော့ မူစလင်လူမျိုးတွေပိုင်တဲ့ ဆိုင်တွေမှာ ဈေးမဝယ်ကြဖို့၊ အမြတ်အစွန်းတွေ တခြားလူမျိုးလက်ထဲ ရောက်သွားရင် ဘာသာနဲ့ စကားတွေ ထိခိုက်နစ်နာရပြီး မူစလင်တွေက အဲဒီအကျိုးအမြတ်ငွေတွေနဲ့ မြန်မာအမျိုးသမီးတွေကို ဝယ်ယူပြီး အစ္စလာမ်ဘာသာထဲ အတင်းဝင်ခိုင်းမယ့်အတွက် အားမပေးကြဖို့ တိုက်တွန်းခဲ့တာတွေလည်း ရှိတဲ့အကြောင်း အေဖက်ပီ သတင်းမှာ ဖော်ပြထားပါတယ်။
အေဖက်ပီနဲ့ တွေ့ဆုံရမှာ ဦးဝီရသူက ၉၆၉ အဖွဲ့အနေနဲ့ ပဋိပက္ခအတွင်း မပါဝင်တဲ့အကြောင်း သူတို့အနေနဲ့ မူစလင်လူမျိုးအားလုံးကို ဆန့်ကျင်တာမဟုတ်ပဲ ရခိုင်လူမျိုးတွေအပေါ် အကြမ်းဖက်နေတဲ့ ဘင်ဂါလီလူမျိုးတွေကိုသာ ပစ်မှတ်ထားမှုတွေ လုပ်နေတာလို့ တုန့်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတကာမှာ မြန်မာ့ ဂုဏ်သိက္ခာ ညိုးနွမ်းနေရတယ်လို့ သမ္မတဦးသိန်းစိန်ကပြောလိုက်ပြီး ဒီအကြမ်းဖက်မှာ ပါဝင်သူတွေကို အရေးယူမယ်လို့ ပြောလိုက်ပါတယ်။
ကုလသမဂ္ဂကလည်း ပဋိပက္ခတွေအတွင်း မြန်မာစစ်တပ်တွေ၊ ရဲတွေပါဝင်ခဲ့တယ်လို့ ပြောခဲ့တာကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပါတယ်။
မြန်မာဗုဒ္ဓဘာသာဝင်တွေက အကြမ်းဖက်မှုတွေလုပ်နေတာကို အာဏာပိုင်တွေက အရေးယူမှုတွေမလုပ်ခဲ့ဘူးလို့ ပြောဆိုတဲ့အပေါ် မြန်မာအစိုးရက အခြေအမြစ် မရှိတဲ့ ပြောဆိုချက်လို့ တုန့်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂကိုယ်စားလှယ်အနေနဲ့ တဆင့်ကြားရတဲ့စကားကို မယုံကြည်သင့်ဘူးလို့ ပြောလိုက်ပါတယ်။
No comments:
Post a Comment