ABC
မြန်မာအစိုးရနဲ့ မကြာခင်ဆွေးနွေးမှုတွေ စတင်တော့မည့် နိုင်ငံရေးဆွေးနွေးမှုတွေမှာ တိုင်းရင်းသားတွေဖက်က မူဘောင်အတိုင်း တညီတညွတ်တည်းဖြစ်စေဖို့ဆိုပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ၃ ရက်ကြာတွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ခေါင်းဆောင်တွေရဲ့ သုံး ရက် ကြာ ဆွေးနွေးမှု အတွင်း ဆွေးနွေးခဲ့တာတွေကို UNFC အတွင်းရေးမှူး ၂ ဖြစ်တဲ့ ဦးခွန်ဥက္ကာ က အခုလို ပြောပါတယ်။
လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင် အစည်းအဝေးပေါ့၊ WGEC က မဆုံးဖြတ်နိုင်တဲ့ဟာတွေကို ခေါင်းဆောင်တွေ ခေါ်ပြီးတော့ ဆုံးဖြတ်တာ၊ ဖရိန်းဝက်ဖော် ပေါ်လတီကယ် ဒိုင်ယာလော့ အဲ့ဒါလေးပဲ လောလောဆယ်ဆယ် လုပ်ရမည် ဆိုပြီးတော့ လက်ခံလိုက်တာ။ ဆုံဖြတ်ချက် အဲ့တစ်ခု၊ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် လိုအပ်သည့် မူဘောင်များပေါ့။
ဒီအစည်းအဝေးကို UNFC အဖွဲ့ဝင် ၁၁ ဖွဲ့အပြင် DKBA တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ၊ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ အဖွဲ့က ခေါင်းဆောင်တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အစိုးရနဲ့ နိုင်ငံရေးအရ အဓိက ဆက်လက်ဆွေးနွေးဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးဆုံးဖြတ်ခဲ့တဲ့ ဒီအစည်းအဝေးကို တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ WGEC (Working Group for Ethnic Co-ordinating) အဖွဲ့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်တယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment