Thursday, June 20, 2013

ဒေါ်စုမွေးနေ့ကို ပြည်တွင်း၊ ပြည်ပမှာ ကျင်းပခဲ့ကြ

ABC

ပြီးခဲ့တဲ့ ​ဇွန်လ ​၁၉ ​ရက်နေ့က ​ကျရောက်ခဲ့တဲ့ ​အတိုက်အခံ ​အမျိုးသားဒီမိုကရေစီပါတီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည် ​ရဲ့ ​၆၈ ​နှစ်ပြည့်မွေးနေ့ကို ​မြန်မာနိုင်ငံမှာ ​NLD ​ပါတီက ​ခမ်းခမ်းနားနားကျင်းပခဲ့ကြသလိုပဲ ​ပြည်ပနိုင်ငံတချို့မှာလည်း ​ကျင်းပမှုတွေရှိခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာလည်း ​မြန်မာနိုင်ငံဖွားတချို့က ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​မွေးနေ့အထိမ်းအမှတ် ​ကျင်းပမှုတွေလည်း ​ရှိခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​မွေးနေ့ပွဲကို ​NLD ​ပါတီဝင်တွေ၊ ​နိုင်ငံရေးပါတီတွေကသူတွေ၊ ​နိုင်ငံခြားသံတမန်တွေ၊ ​အနုပညာအသိုင်းအဝိုင်းကသူတွေနဲ့ ​သတင်းသမားတွေ ​တက်ရောက်ခဲ့ကြပါတယ်။

အင်တာနက်ပေါ်က ​လူမှုကွန်ယက်ဝဘ်ဆိုက်တွေမှာ ​အထူးသဖြင့် ​Facebook ​ပေါ်မှာ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​မွေးနေ့ကို ​ဆုတောင်းပေးကြတာတွေ၊ ​ဓါတ်ပုံတွေ ​ဖြန့်ဝေကြတာတွေနဲ့ ​စာတိုစာရှည်တွေ၊ ​ကဗျာတွေရေးထားကြတာတွေကိုလည်း ​တွေ့နေရပါတယ်။

အဲ့ဒါအပြင် ​ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ကို ​ရည်စူးပြီး ​သံဃာတော်တွေအပါအဝင် ​ရာနဲ့ချီတဲ့သူတွေက ​ရန်ကုန်မြို့မှာ ​သွေးလျှူဒါန်းခဲ့ကြတယ်လို့လည်း ​သိရပါတယ်။

ဇွန်လ ​၁၉ ​ရက်နေ့မှာ ​မွေးဖွားခဲ့တဲ့တခြား ​သမိုင်းမှာနာမည်ထင်ရှားရှိခဲ့သူတွေကတော့ ​စကော့လူမျိုး ​ဂျိမ်းဟမ်မီလ်တန်၊ ​အမေရိကန်ကဝဘ်သိပ္ပံတည်ထောင်သူ ​ဝီလီယံအိပ်ခ်ျဝဘ်၊ ​ဗြိတိန်လူမျိုး ​နိုဘယ်ဆုရှင် ​ဆိုင်ရယ်နော်မန်ဟင်ရှယ်ဝုဒ်၊ ​အမေရိကန်က ​နိုဘယ်ဆုရှင် ​ပေါလ်ဖလိုရီ၊ ​အိန္ဒိယလူမျိုး ​စာရေးဆရာ ​ဆယ်မန်ရပ်ရှ်ဒီ ​စတဲ့သူတွေ ​ဖြစ်ကြပါတယ်။

၂၀၀၇ ​ခုနှစ် ​ရွှေဝါရောင်တော်လှန်ရေးမှာ ​ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်တဲ့ ​ဦးဂမ္ဘီရဟာလည်း ​ဇွန်လ ​၁၉ ​ဖွားဖြစ်တယ်လို့ ​အင်တာနက်စာမျက်နှာတချို့မှာ ​ဖေါ်ပြထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ​၆၇ ​နှစ်ပြည့်ခဲ့စဉ်တုန်းက ​ဥရောပခရီစဉ် ​လှည့်လည်နေစဉ်ဖြစ်တဲ့အတွက် ​မွေးနေ့အခမ်းအနားကို ​ကိုယ်တိုင် ​ခမ်းခမ်းနားနား ​ကျင်းပနိုင်ခြင်း ​မရှိခဲ့ကြောင်းလည်း ​သိရပါတယ်။

No comments:

Post a Comment