Monday, June 24, 2013

ဘင်္ဂလာဒေခ်ျ့ စီးပွားရေးသမား မောင်တောတွင် ယာဘားဆေးပြားနဲ့ အဖမ်းခံရ

နိရဉ္စရာ

မောင်တောမြို့ကို စီးပွားရေး ကိစ္စနဲ့သွားတဲ့ ဘင်္ဂလာဒေခ်ျ့က စီးပွားရေး သမား တစ်ဦးဟာ ယာဘားဆေးပြားတွေ လက်ထဲမှာမိတဲ့ အတွက် မြန်မာ အာဏာပိုင်တွေဆီမှာ သောကြာနေ့က ဖမ်းဆီးခံလိုက်ရပါတယ်။

ဖမ်းဆီးခံရတဲ့သူဟာ ဒက္ကားမြို့ မီပူရ် (၁၃) ရပ်ကွက်က မိုင်နုရ် ဟောက် ( Mainual Hoque)၊ အသက် (၃၅) နှစ်ဖြစ်တယ်လို့ သိရပါတယ်။

မိတဲ့ယာဘား ဆေးပြားက (၅) ခုသာ ဖြစ်တယ်လို့ ပြောပါတယ်။

သူနဲ့ အတူ ဘင်္ဂလာဒေခ်ျ့က စီးပွားရေးသမား ၁၇ ဦးဟာ မြန်မာ အာဏာပိုင်တွေဆီမှာ စီးပွားရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ သောကြာနေ့က မောင်တောကို သွားပြီး အထောက်အထား စာရွက် စာတန်းတွေ သွားယူကြတဲ့ နေရာမှာ မိုင်နုရ်ဟောက်လည်း ပါဝင်ပါတယ်။


သူ့ကို မောင်တောမြို့ လူဝင်မူကြီးကြပ်ရေးနဲ့ အကောက်ခွန်ဂိတ်မှာ စစ်ဆေးစဉ် ယာဘား ဆေးပြား (၅) ပြားကို ရှာဖွေ တွေ့ရှိတဲ့ အတွက် ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ တက်ကနက်မြို့ လူဝင်မူ ကြီးကြပ်ရေး အရာရှိ တိုဟီးဒူရ် အန်န၀ါကတော့ ဒီသတင်းကို အတည်ပြု ပြောကြားပြီး အထက်ကို အစီရင်ခံလိုက်ပြီ ဖြစ်တယ်လို့ ပြောပါတယ်။

No comments:

Post a Comment