Sunday, June 2, 2013

ဗုဒ္ဓဘာသာဝင် တစ်ဦးရဲ့ နေအိမ်ကို မီးရှို့ တိုက်ခိုက်တဲ့ အတွက် လူ (၆) ဦးကို ဘင်္ဂလာရဲက ဖမ်း

နိရဉ္စရာ

ဘင်္ဂလာဒေခ်ျ့ရဲတပ်ဖွဲ့က ဗုဒ္ဓဘာသာဝင် တစ်ဦးရဲ့ နေအိမ်ကို မီးရှို့ တိုက်ခိုက်သူတွေလို့ စွပ်စွဲခံထားရတဲ့ လူ (၆) ဦးကို မနေ့က ကိုမီလာမြို့မှာ ဖမ်းဆီးလိုက်ပါတယ်။

ဒီကနေ့ထုတ် ဘင်္ဂလာဒေခ်ျ့က သတင်းစာကြီး တစ်စောင် ဖြစ်တဲ့ The Independent မှာ အဲဒီ သတင်းကို “ 6 held for attacks on Buddhist House” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေါ်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ ချာရဖုလ် အစ္စလာမ်ဟာဆန်၊ ဂျာဟန်ဆိုင်းကပ်၊ အာရှဒူရ် အစ္စလာမ် ကာမောလ်၊ အိုင်ဒဲ မာမောက် ရော်ကီ၊ ဇော်ဟာရာ တီရီချာနဲ့ ဆူလ်တနာ ဆူမီတို့ ဖြစ်ကြပါတယ်။

သူတို့ကို ဒက္ကားမြို့ တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်ဝေးတဲ့ ကိုမီလာမြို့မှာ ဗုဒ္ဓဘာသာ မာရမာကြီး လူမျိုး (ဘင်္ဂလာဒေခ်ျ့ အခေါ် ဘာရ၀ါ လူမျိုး) တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆူဂါတို ဘာရ၀ါ ( Dr Sugato Barua) နေအိမ်ကို မီးရှို့ တိုက်ခိုက်မူ သံသယနဲ့ ရဲက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အဲဒီ အဖမ်းခံရတဲ့ လူတွေဟာ ဒေါက်တာ ဆူဂါတိုရဲ့ အိမ်ကို မေလ ၂၆ ရက်နေ့ ညဥ့်မှာ ၀င်ရောက် တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး မေလ ၂၈ ရက်နေ့ ညဉ့်မှာတော့ အိမ်ကိုပါ ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။

ဒေါက်တာ ဆူဂါတို ဘာရ၀ါဟာ အဲဒီ ဒေသမှာ ရှိတဲ့ တာကူပါရာ ဗုဒ္ဓဘာသာ ကျောင်းတော်ရဲ့ ဥက္ကဌလည်း ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment