Tuesday, June 4, 2013

ရှမ်းပြည်တောင်ပိုင်းတပ်ဥက္ကဌ ယွက်စစ် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမယ်

ABC

မြန်မာအစိုးရနဲ့ ​အပစ်အခတ်ရပ်စဲရေးရယူထားတဲ့ ​ရှမ်းပြည်တပ်မတော်တောင်ပိုင်း ​(RCSS/SSA) ​အဖွဲ့ဥက္ကဌ ​ဦးယွက်စစ်နဲ့ ​သမ္မတ ​ဦးသိန်းစိန်တို့ ​ဇွန်လ ​၁၀ရက်နေ့မှာ ​တွေ့ဆုံနိုင်ဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

အခုလိုတွေ့ဆုံနိုင်ဖို့ ​SSAအဖွဲ့က ​တောင်းဆိုခဲ့တာလို့ ​သိရပြီး ​ပြည်ထောင်စု ​ငြိမ်းချမ်းရေးဖော်ဆောင်ရေး ​လုပ် ​ငန်းကော်မတီ ​ဒု-ဥက္ကဌ ​ပြည်ထောင်စုဝန်ကြီး ​ဦးအောင်မင်းက ​ဇွန်လ ​၁၀ရက်နေ့နောက်ပိုင်းတွေဆုံဖို့ ​၁ရက်နေ့က ​အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ​RCSS/SSA ​ရဲ့ ​ပြော ​ခွင့်ရသူ ​ဗိုလ်မှူး ​စိုင်းလောင်ဆိုင်းက ​ပြောပါတယ်။ 

ရင်နှီးမှုတည်ဆောက်ဖို့အတွက်၊ ​နောက်ပြီးတော့ ​အပြန်အလှန်ယုံကြည်မှု ​တည်ဆောက်ဖို့အတွက် ​အပစ်အခတ် ​ရပ်စဲရေးသဘောတူညီချက်ပါ ​အချက်များတွေကို ​အကောင်အထည်ဖော်နိုင်ရေးအတွက် ​ကျနော်တို့တောင်း ​ဆိုထားတဲ့ ​နိုင်ငံရေးဆွေးနွေးပွဲ ​တနိုင်ငံလုံးအတိုင်းအတာ ​နိုင်ငံရေးဆွေးနွေးပွဲကို ​တိုင်းရင်းသားလက်နက်ကိုင်နဲ့ ​ပြည်သူတရပ်လုံး၊ ​နိုင်ငံရေးပါတီတွေ ​အားလုံးပါဝင်ပြီးတော့ ​ဆွေးနွေးနိုင်ရေး ​အဲဒါတွေကို ​ကျနော်တို့က ​တောင်းဆိုသွားမယ်။ 

နိုင်ငံရေး ​တွေ့ဆုံဆွေးနွေးပွဲအတွက် ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ​နိုင်ငံရေးပါတီတွေ၊ ​လူမှုရေးဆောင် ​ရွက်နေတဲ့အဖွဲ့တွေ၊ ​တသီးပုဂ္ဂလတွေ၊ ​ပညာရှင်တွေ ​အကြိုသဘောမျိုး ​တွေ့ဆုံဆွေးနွေးနိုင်ရေးနဲ့ ​မတရားအသင်း ​ကနေ ​ပယ်ဖျက်ပေးဖို့၊ ​မတရားအသင်းဆက်သွယ်မှုနဲ့ ​ပတ်သက်ပြီး ​ဖမ်းဆီးထားတဲ့သူတွေ၊ ​ နိုင်ငံရေး ​အကျဉ်း ​သားတွေ ​လွတ်ပေးဖို့လည်း ​တောင်းဆိုသွားမယ်လို့ ​ပြောပါတယ်။

ဒါ့အပြင် ​သမ္မတနဲ့ ​တွေ့ဆုံတဲ့အခါ ​ဆွေးနွေးမဲ့အချက်အလက်တွေနဲ့ ​ပတ်သက်ပြီး ​ရှမ်းပြည်သူလူထုတွေရဲ့ ​သ ​ဘောထားတွေ၊ ​ရှမ်းနိုင်ငံရေးပါတီတွေရဲ့ ​အကြံပြုချက်တွေ ​ရယူနိုင်ဖို့အတွက် ​ရှမ်းအဖွဲ့အစည်းတွေရဲ့ ​တွေ့ဆုံ ​ဆွေးနွေးပွဲတရပ်ကို ​ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ​ ၂ ​ရက်ကြာ ​ပြုလုပ်ခဲ့ပါတယ်။ ​ဒီအစည်းအဝေးကို ​ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ​ရှမ်းနိုင်ငံရေးပါတီတွေ ​ရှမ်းလူထုအခြေပြုအဖွဲ့ ​အစည်း ​စုစုပေါင်း ​၂၀နီးပါးတက်ရောက်ခဲ့ပြီး ​သမ္မတနဲ့ ​တွေ့ဆုံတဲ့အခါ ​တင်ပြမယ့် ​အချက်အလက်တွေကို ​အကြံပြုဆွေးနွေးခဲ့ကြတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။ 

No comments:

Post a Comment