Tuesday, June 4, 2013

လားရှိုးမြို့ကမွတ်စလင်တွေကို မကြာခင် ပြန်လည်နေရာ ချထားနိုင်ဖို့ မျော်လင့်

ABC

ပြီးခဲ့တဲ့တပါတ်က ​က ​ရှမ်းပြည်မြောက်ပိုင်း ​လားရှိုးမြို့က ​ပဋိပက္ခ ​ကနေ ​သီရိမင်္ဂလာ ​ရှမ်းဘုန်းတော်ကြီးကျောင်းမှာ ​နေထိုင်နေကြရတဲ့ ​မွတ်စလင် ​ဒုက္ခသည် ​အယောက် ​တစ်ထောင်ကျော်ထဲက ​သုံးရာကျော်ကို ​ဇွန်လ ​၁ ​ရက်နေ့က ​မိုးလုံလေလုံအားကစား ​ကွင်းမှာ ​ပြောင်းရွှေ့နေရာချထားလိုက်တယ်လို့ ​သိရပါတယ်။

မြို့နယ်အာဏာပိုင်တွေ ​နဲ့ ​လူမှု့အဖွဲ့အစည်း ​တွေက ​တာဝန်ရှိပုဂ္ဂိုလ်တွေက ​ပြောင်း ​ရွှေ့နေရာချထားပေးလိုက်တာဖြစ်ပြီး ​အခြေအနေ ​ပုံမှန်နီးပါး ​ပြန်ဖြစ်နေပြီး ​ဖြစ်တဲ့အတွက် ​မကြာခင်ရက်ပိုင်းမှာ ​မိမိနေအိမ်တွေမှာ ​ပြန်လည်နေရာချထားပေးနိုင်ဖို့ ​စီစဉ်နေပြီဖြစ်တယ်လို့ ​ဆရာတော် ​က ​အခုလို ​မိန့်ကြားပါတယ်။

ဌာနဆိုင်ရာအဖွဲ့အစည်းနဲ့ ​ဒီ ​အဖွဲ့အစည်းပေါင်းစုံကနေပြီးတော့မှ ​၀ိုင်းပြီးတော့ ​ပြောင်းရွှေ့ပေးလိုက်ပါတယ်၊ ​ဒီမှာလည်း ​ရှောင်၊ ​ဟိုမှာလည်း ​နေလို့အဆင်ပြေအောင်၊ ​မိုးလုံလေလုံဖက် ​၃၀၀ ​လောက် ​ပို့ထားပေးလိုက်တယ်ပေါ့နော်၊ ​ပုံမှန်ဖြစ်ပြီးတော့ ​ဒုက္ခသည်တွေအားလုံးက ​သူတို့အိမ်ပဲပြန်ပြီးတော့ ​လုပ်စားကိုင်စား ​နိုင်အောင်လည်းပဲ ​အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ​ဘုန်းဘုန်းတို့ ​ပေါင်းပြီးတော့မှ ​အားလုံး ​စီစဉ်နေပါပြီး၊ 

လားရှိုးမြို့မှာ ​လူမျိုးပေါင်းစုံ ​ဘာသာပေါင်းစုံ ​နေထိုင်ခဲ့ကြတာ ​နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ် ​ပေမယ့် ​အခုလို ​ပဋိပက္ခမျိုး ​တစ်ကြိမ်တစ်ခါမှ ​ဖြစ်ပေါ်ခဲ့တာ ​မရှိခဲ့ဘူးလို့ ​လားရှိုးမြို့ခံတွေ ​က ​ပြောပါတယ်။အခုလိုဘာသာရေး ​၊ ​လူမျိုးရေး ​ပဋိပက္ခမျိုးတွေ ​မဖြစ်ပေါ်လာအောင် ​ကြိုတင်ကာ ​ကွယ်နိုင် ​ဖို့ဆိုပြီး ​ဘာသာကြီး ​၄ ​ခုက ​ကိုယ်စားလှယ် ​၈ ​ယောက်ပါဝင်တဲ့ ​ဘာသာပေါင်း ​စုံညီညွတ်ရေး ​ဗဟိုကော်မတီတစ်ခုကိုလည်း ​ဖွဲ့စည်းခဲ့တယ်လို့ ​ကော်မတီဖြစ် ​မြောက် ​ရေးဦးဆောင်သူတစ်ဦးက ​အခုလို ​ပြောပါတယ်။

မြန်မာနိုင်ငံ ​အနှံ့အပြား ​ဖြစ်ပေါ်လာတဲ့ ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခများကို ​လေ့လာကြည့်တဲ့ ​အခါမှာ ​ဒေသခံအချင်းချင်း ​စတင်ခဲ့တာမဟုတ်ပဲ၊ ​တခြားဒေသမှာဖော်ပြမှ ​လာရောက်သွေးထိုးလှုံ့ဆော်ရာက ​စခဲ့တာပါပဲ။ ​အဲ့ဒါကြောင့်မိုလို့ ​ထာဝယ်ဒေသမှာ ​ဒီလို ​ပဋိပက္ခမျိုး ​မဖြစ်နိုင်အောင် ​ကြိုတင်ပြီးတော့ ​စောင့်ကြည့် ​တားဆီးနိုင်အောင် ​ဖွဲ့လိုက်တာပါ။ 

ဒေသတွင်းမှာ ​ပဋိပက္ခဖြစ်ပေါ်လာနိုင်တဲ့ ​အခြေအနေတွေရှိလာရင် ​ဒီကော်မတီ ​၀င် ​တွေကနေပြီး ​အစိုးရ ​အာဏာပိုင်တွေနဲ့ ​ပူးပေါင်းဖြေရှင်းသွားမှာဖြစ်တယ်လို့လည်း ​ပြောဆိုပါတယ်။ ​ဒီအစည်းအဝေးကို ​ဘာသာပေါင်းစုံက ​တာဝန်ရှိသူတွေ၊ ​အာဏာပိုင် ​တွေနဲ့ ​မြို့မိမြို့ဖတွေအပြင် ​ဒေသခံပြည်သူ ​တစ်ရာကျော် ​တက်ရောက်ခဲ့ကြတယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments:

Post a Comment