Monday, June 3, 2013

ဆင်းရဲမွဲတေမှု ပပျောက်ရေးကို နိုင်ငံချမ်းသာမှုထက် ဦးစားပေးမယ်လို့ သမ္မတဆို

ABC

မြန်မာနိုင်ငံရဲ့ ​နှစ်ပေါင်း ​များစွာ ​ဆိုးသွမ်းလှတဲ့ ​စစ်အုပ်ချုပ်မှု ​လက်အောက်မှာ ​အပယ်ခံ ​အဖြစ် ​ပျက်စီးယိုယွင်းသွားခဲ့ ​တဲ့ ​စီးပွါးရေး ​တွေ ​ကြောင့် ​ကျန်ရှိခဲ့တဲ့ ​ဆင်းရဲမွဲတေမှုတွေ ​ကို ​တိုက်ဖျက်သွားမှာဖြစ်တဲ့ ​အကြောင်း ​နိုင်ငံတော်သမ္မတကြီး ​ဦး ​သိန်းစိန်က ​မနေ့ကပြောခဲ့ ​ပါတယ်။

သမ္မတကြီး ​အနေနဲ့ ​မိန့်ခွန်းပြော ​နေတဲ့ ​တချိန်ထဲမှာပဲ ​လူပေါင်း ​၂၀၀ ​လောက် ​ပါဝင်တဲ့ ​ဆန့်ကျင်ဆန္ဒပြပွဲ ​မှာ ​မိချောင်းကန်ကျေးရွာက ​လယ်မြေများ ​အတင်း ​အဓမ္မ ​သိမ်းစည်း ​ခံခဲ့ရသူတွေက ​ဆန္ဒပြခဲ့ကြတယ်လို့ ​သိ ​ရ ​ပါတယ်။ 

မိန့်ခွန်းမှာသမ္မတကြီး ​က ​စီးပွါးရေးဖွံ့ဖြိုးဖို့ ​အခြေခံကျတဲ့ ​သဘာဝရေမြေတောတောင် ​သံယံဇာတပစ္စည်းတွေပေါများ ​ကြွယ်ဝ ​ပြီး၊ ​လူစွမ်းအား ​ဇစ်မြစ်အခြေခံကောင်းတဲ့ ​နိုင်ငံဖြစ်ပေမဲ့၊ ​ကမ္ဘာပေါ်မှာ ​ဖွဲ့ဖြိုးမှု ​အနိမ့်ဆုံး ​နိုင်ငံ ​အဆင့်စာရင်းထဲမှာ ​ပါဝင်နေတဲ့ ​အတွက်၊ ​ဒီ ​အခြေအနေမျိုးကနေ ​ထွက်နိုင်အောင် ​ကြိုးစား ​ဖို့လိုတယ်လို့ ​ပြောသွားပါတယ်။

ဒါကြောင့်လဲ ​ဆင်း ​ရဲမွဲတွေမှု ​ပပျောက်ရေးကို ​နိုင်ငံတော်ချမ်းသာလာမှုထက် ​ကို ​ဦးစားပေး ​ဆောင်ရွက် ​ရမှာဖြစ်တယ်လို့ ​ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အဆိုအရ ​မြန်မာ ​နိုင်ငံ ​ရဲ့လူဦးရေ ​၄ ​ပုံ ​တပုံဟာ ​ဆင်းရဲမွဲတေတဲ့ ​အဆင့်မှာ ​ရှိ ​နေကြတယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​အရပ်သား ​အုပ်ချုပ်တဲ့ ​အစိုး ​ရ ​တက်လာ ​ခဲ့ ​တဲ့ ​၂၀၁၁ခု ​နှစ်က ​စပြီး ​လယ်မြေသိမ်းပိုက်ခံရမှုတွေ ​နဲ့ပတ်သက်ပြီး ​ဆန္ဒပြမှု ​တွေဖြစ်ခဲ့ပါတယ်။


ရန်ကုန်မှာ ​လူငယ်ခေါင်းဆောင်များ ​မျက်နှာစုံညီ ​အစည်းအဝေးကျင်းပ


မြန်မာနိုင်ငံရန်ကုန်မြို့မှာ ​Young ​Global ​Leaders ​YGL ​လို့ခေါ်တဲ့ ​ကမ္ဘာမှာ ​နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ​စီးပွါးရေး၊လူမှုရေး ​အကျော်အမော်လူငယ်ခေါင်းဆောင်များ ​မျက်နှာ ​စုံညီအစည်းအဝေး ​ကို ​စတင်ကျင်းပနေပြီဖြစ်ပါတယ်။

ဒီ ​အစည်းအဝေးမှာ ​ပြည်ပကလူငယ်ခေါင်းဆောင်တွေ ​မြန်မာ ​နိုင်ငံနဲ့ ​ပတ်သက်ပြီး ​ပိုမိုသိရှိ ​နားလည်မှု ​တွေ ​ရှိ ​လာသလိုမြန်မာ ​နိုင်ငံကလူငယ်ခေါင်းဆောင်တွေ ​အနေနဲ့လဲ ​အတုယူအတတ်သင် ​နိုင်ပြီး ​မြန်မာ ​နိုင်ငံ ​အနေနဲ့ရင်ဆိုင်နေရ ​တဲ့ ​အခက်အခဲ ​တွေကို ​လက်ဆုပ်လက်ကိုင် ​ထိရောက်အောင် ​အကျိုးပြုအကောင်အထည်ဖေါ်ဖို့ဖြစ်တယ်လို့ ​ဆိုပါတယ်။

မီးမောင်းထိုးလေ့လာ ​ညှိနှိုင်းဆွေးနွှေးသွားမှာဖြစ်တဲ့ ​အကြောင်း ​အရာတွေ ​ကတော့၊ ​အနုပညာ၊ ​ယဉ်ကျေးမှု၊ ​စီးပွါးရေး၊အရည်အချင်းဖြည့်တင်းရေး၊ ​ပညာရေး၊ကျန်းမာရေး ​ဝန်ဆောင်မှု၊ ​ခန္ဓာကိုယ် ​ကြီးထွားဖွံ့ဖြိုးမှု၊ ​ငြိမ်ဝပ်ပိပြားရေးနဲ့ ​ပြန်လည်ပေါင်းစည်းရေး၊ ​ဆင်းရဲနွှမ်းပါးမှု ​ပပျောက်ရေး ​အစ ​ရှိ ​တဲ့ ​ကဏ္ဍတွေ ​ကိုဆွေးနွှေးသွားမှာဖြစ်ပါတယ်။

YGL ​လူငယ်ခေါင်းဆောင် ​တွေဟာ ​လူမှုရေးစီးပွါးရေး ​ဆိုင်ရာ ​တွေမှာ ​လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ​ဒေသခံ ​အဖွဲ့တွေ ​ခေါင်းဆောင်တွေ၊ ​ဆေးရုံတွေ၊ကျောင်းတွေ၊ ​ဆေးခန်းတွေ ​ငြိမ်းချမ်းရေးတည်ဆောက်မှု ​ဆိုင် ​ရာအဖွဲ့ ​အစည်းတွေ ​နဲ့ ​လက်ပွန်းတသီး ​ထိတွေ့ ​လေ့လာမှု ​တွေ၊ ​ရေ ​ရှည် ​ဆက်လက်လုပ်ကိုင်ဆောင်ရွက်မှုတွေ ​လုပ်ဆောင်သွား ​နိုင်ဖို့အတွက် ​တည်ဆောက်သွား ​ဖို့ ​အခွင့် ​အလမ်းတွေ ​ဖြစ်ပါတယ်။ 

ကမ္ဘာ ​ပေါ်မှာအခုလို ​ဆောင်ရွက်ချက်မျိုးက ​နေ ​အကျိုးဆောင် ​တပ်ဖွဲ့တွေ ​ထွက်ပေါ်လာပြီး ​ထူးခြားတဲ့ ​ပြုပြင်ပြောင်းလဲမှုတွေ ​ဆောင် ​ရွက်နိုင်ခဲ့တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ​နှစ်ပေါင်း ​၅၀လောက် ​အထီးကျန် ​ဘဝကနေ ​လျင်မြန်တဲ့ပြောင်းလဲမှုတွေကို ​ဖြစ်ပေါ်လာချိန်မှာ ​အခုလိုလုပ်ဆောင်ချက် ​ဟာ ​အကောင်းဆုံးအခွင့်အရေးဖြစ်တဲ့အကြောင်း၊ ​ကွဲပြားမှုတွေ ​ဖြေရှင်းပြီး၊ ​စီးပွါးတိုးတက်ရေးတွေ ​မှာ ​လူတိုင်းစေ့ပါဝင် ​နိုင်မှု၊ ​တဦးတယေက်မှ ​မကျန် ​အကျိုး ​ရရှိမှု ​ကို ​တွေ့မြင် ​နိုင်မှာဖြစ်တယ်လို့ ​ဆိုပါတယ်။

ကမ္ဘာ့စီးပွါးရေး ​ညီလာခံ ​ဟာ ​လဲ ​လူငယ်စီးပွါးရေးခေါင်းဆောင်များ ​အစည်းအဝေး ​အပြီး ​ဇွန်လ ​၅ ​ရက်က ​နေ ​၇ ​ရက်နေ့ ​အထိ ​နေပြည်တော်မှာကျင်းပသွားဖို့ ​ရှိ ​ပါတယ်။

No comments:

Post a Comment