Monday, June 3, 2013

မြန်မာ အမျိုးသားတစ်ဦး သြစီအရောက်မှာ သေဆုံး

ABC

မြန်မာနိုင်ငံကနေ ​လှေတွေနဲ့လာပြီး ​သြစတြေးလျနိုင်ငံမှာ ​ခိုလှုံခွင့်တောင်းဖို့ ​ရောက်ရှိလာသူတစ်ဦးဟာ ​သြစတြေးလျနိုင်ငံပိုင် ​ခရစ္စမတ်ကျွန်းကို ​ရောက်ရှိပြီး ​နာရီပိုင်းအတွင်းမှာပဲ ​သေဆုံးသွားတယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံက ​အသက် ​၅၂ ​နှစ်အရွယ် ​အမျိုးသားဟာ ​ခိုလှုံခွင့်တောင်းလိုသူတွေကို ​ထိန်းသိမ်းထားတဲ့ ​ခရစ္စမတ်ကျွန်းကို ​ရောက်ပြီး ​မကြာခင်မှာပဲ ​ဆေးရုံပို့ဆောင်ခဲ့ရပြီးနောက် ​သေဆုံးသွားတာ ​ဖြစ်တယ်လို့ ​သြစတြေးလျနိုင်ငံ ​လူဝင်မှု ​ကြီးကြပ်ရေးဌာနက ​ပြောပါတယ်။

ဒီလို ​ရုတ်တရက်သေဆုံးသွားတဲ့အပေါ် ​လူဝင်မှုကြီးကြပ်ရေးဌာနက ​စုံစမ်းစစ်ဆေးမှုတွေ ​လုပ်နေပြီး ​ခုလောလောဆယ်အချိန်အထိ ​သံသယဖြစ်စရာ ​မတွေ့ရသေးဘူးလို့ ​ဆိုပါတယ်။

ကွယ်လွန်သူ ​မိသားစုကိုလည်း ​လူဝင်မှုကြီးကြပ်ရေးက ​နှစ်သိမ့်ပြောဆိုမှုတွေ ​လုပ်ခဲ့ပြီး ​ကွယ်လွန်သူနဲ့အတူ ​ရှိနေခဲ့တဲ့ ​ထိန်းသိမ်းရေးစခန်းက ​ခိုလှုံခွင့်တောင်းလိုသူတွေကိုလည်း ​စိတ်ကျန်းမာရေးဆိုင်ရာ ​အထောက်အကူတွေ ​ပေးနေတယ်လို့ ​သိရပါတယ်။

No comments:

Post a Comment