ABC
တောင်ကိုးရီးယားနိုင်ငံက မြန်မာနိုင်ငံကို ၅ နှစ်တာ ကာလအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ ချေးပေးသွားမယ်လို့ သိရပါတယ်။
ကိုးရီးယားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ အဖွဲ့က မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဒေါ်လာ သန်းပေါင်း ငါး ရာ ပေး အပ် မှာ ဖြစ် ကြောင်း မြန်မာ့ အလင်း သတင်းစာ အရ သိရပါတယ်။
နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ-တောင်ကိုးရီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးမှာ တောင်ကိုးရီးယားနိုင်ငံ ဒုဝန်ကြီးချုပ်က ပြောလိုက်တာဖြစ်ပါတယ်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက မြန်မာနိုင်ငံအတွက် ကဏ္ဍရှစ်ခု ပါဝင်တဲ့ စီမံကိန်းပေါင်း ၃၉ ခုမှာ ပူးပေါင်းလုပ်ဆောင်ကြဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ စီမံကိန်းတွေထဲမှာ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှု၊ အခြေခံအဆောက်အအုံ ဆောက်လုပ်မှု၊ ဆောက်လုပ်ရေးလုပ်ငန်း၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုက်တက်ရေး၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ မွေးမြူရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရေး အစရှိတဲ့ စီမံကိန်းတွေ ပါဝင်ပါတယ်။
တောင်ကိုးရီးယားနိုင်ငံဟာ မြန်မာနိုင်ငံမှာ စတုတ္တအများဆုံး ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံဖြစ်ပြီး ဒီနှစ်မတ်လအထိ စီမံကိန်း ၇၇ ခုမှာ ရင်းနှီးမြုပ်နှံထားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၂.၉၈ ဘီလီယံ ရှိကြောင်း သိရပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးကတော့ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ သန်းပေါင်း ၅၇၃ သန်းကျော်ရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက တောင်ကိုးရီးယားနိုင်ငံကို ဒေါ်လာ ၂၃၇ သန်းကျော် တင်ပို့ရောင်းချပြီး တောင်ကိုးရီးယားနိုင်ငံဆီက ဒေါ်လာ သန်းပေါင်း ၃၃၅ သန်းကျော် ဝယ်ယူတင်သွင်းခဲ့ကြောင်းလည်း သိရပါတယ်။
No comments:
Post a Comment