Tuesday, June 25, 2013

ပြည်လုံးကျွတ်အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လိုလားလို့ RCSS/SSAပြော

ABC

မြန်မာနိုင်ငံမှာ ​ပြည်လုံးကျွတ် ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီချက် ​လက်မှတ်ရေးထိုးဖို့ ​ကမ်းလှမ်းချက်ကို ​ရှမ်းပြည်ပြန်လည်တည်ထောင်ရေး ​ကောင်စီ ​RCSS ​ဥက္ကဌ ​ဒု ​ဗိုလ်ချူပ်ကြီး ​ယွက်စစ် ​ဦးဆောင်တဲ့ ​အဖွဲ့က ​လိုလိုလားလားရှိ ​နေတယ်လို့ ​SSA ​လွိုင်တန်းလျှန်း ​ဌာနချူပ်ကို ​ပြန်ရောက်လာတဲ့ ​ဗိုလ်မှူး ​စိုင်းလောင်ဆိုင်း ​ကပြောပြတယ်လို့ ​သိရပါတယ်။

ဗိုလ်ချုပ်ကြီး ​ယွက်စစ် ​ဦးဆောင်တဲ့ ​အဖွဲ့ဟာ ​မြန်မာနိုင်ငံကို ​၁၅ရက်ကြာ ​သွားရောက်လည်ပတ်ခဲ့ပြီး ​တနင်္ဂနွှေနေ့က ​ဌါနချုပ်ကို ​ပြန်ရောက်ခဲ့ပါတယ်။

သမ္မတကြီး ​ဦးသိန်းစိန်နဲ့ ​ဆွေးနွှေးပွဲမှာ ​တိုင်းရင်းသား ​လက်နက်ကိုင် ​တပ်ဖွဲ့တွေ ​အားလုံးနဲ့ ​အစိုးရနဲ့ ​တပ်မတော်အပါ ​အဝင် ​UN ​ရှေ့၊ ​နိုင်ငံတကာ ​သံတမန်ရှေ့မှာ ​လက်မှတ်ရေးထိုး ​ကြမယ်ဆို ​တဲ့အကြောင်း ​- ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​အဖွဲ့ ​ကိုဦးဆောင်တဲ့ ​ဦးအောင်မင်းကလဲ ​ဒီနောက်မှာ ​နိုင်ငံရေးဆွေးနွှေးပွဲတွေ ​စတင်မယ်လို့ ​ပြောခဲ့တယ်လို့ ​ဗိုလ်မှူးဆိုင်းလောင်ဆိုင်းက ​ပြောပါတယ်။

အခု ​နိုင်ငံတော်က ​ဆောင်ရွက်လိုတဲ့ ​ကိစ္စကတော့ ​ပြည်လုံးကျွတ် ​အပြစ်အခတ်ရပ်စဲရေး ​သဘောတူညီချက် ​လက်မှတ်ရေးထိုးဖို့ပဲ ​ဖြစ်ပါတယ်။ ​အဲ့ဒါ ​ဆောင်ရွက်နိုင်ရင်တော့ ​ကျနော်တို့အတွက် ​အလားအလာကောင်းပါတယ်လို့ ​ကျနော်တို့လည်း ​မြင်ပါတယ်။ ​ဘာဖြစ်လဲဆိုတော့ ​ဒီပြည်လုံးကျွတ် ​အပြစ်အခတ် ​ရပ်စဲရေး ​ကိစ္စမှာဆိုရင် ​ဒီ ​လက်နက်ကိုင် ​တိုင်းရင်းသား ​တပ်ဖွဲ့တွေအားလုံး ​အခုလက်ရှိနိုင်ငံတော် ​အစိုးရနဲ့ ​တပ်မတော် ​အပါအ၀င် ​UN ​ရဲ့ရှေ့မှာ ​နိုင်ငံတကာ ​သံတမန်တွေရဲ့ရှေ့မှာ ​သက်သေထားပြီးတော့ ​ကျနော်တို့ ​လက်မှတ်ရေးထိုး ​ကြမယ်ဆိုပြီးတော့ ​သမ္မတကြီး ​ဦးသိန်းစိန် ​အပြင် ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​အဖွဲ့တွေကလည်း ​ဒီလိုပြောကြပါတယ်။

အပစ်အခတ်ရပ်စဲရေး ​မလုပ်နိုင်သေးတဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့ ​၃ ​ဖွဲ့နဲ့ ​အမြန်ဆုံး ​တွေ့ဆုံဆွေးနွေးပြီး ​လာမည့် ​ဇူလိုင်- ​သြဂုတ်လ ​အတွင်းမှာ ​လက်မှတ်ထိုးနိုင်အောင် ​စီစဉ်မယ်လို့ ​ငြိမ်းချမ်းရေးစင်တာက ​တာဝန်ရှိသူတွေ ​ပြောဆိုလိုက်တယ်လို့ ​လည်း ​ဗိုလ်မှူး ​စိုင်းလောင်ဆိုင်း ​က ​ဆက်ပြောပါတယ်။

RCSS ​ဥက္ကဌ ​ဒုဗိုလ်ချူပ်ကြီး ​ယွက်စစ် ​ဦးဆောင်ပြီး ​မြန်မာနိုင်ငံတွင်းသွားရောက်ခဲ့တဲ့ ​ဒီခရီးစဉ်မှာ ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချူပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်၊ ​တိုင်းရင်းသား ​နိုင်ငံရေးပါတီ ​ခေါင်းဆောင်တွေနဲ့ ​ဒေသခံ ​ရှမ်းပြည်သူလူထုတွေနဲ့ ​လည်း ​တွေ့ဆုံဆွေးနွေးခွင့် ​ရခဲ့တယ်လို့ ​ဆက်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​ဖယ်ဒရယ်ဆိုတာ ​ခွဲထွက်ခြင်းမဟုတ်ပါဘူး၊ ​ပြည်တောင်စုကို ​တည်မြဲခိုင်ခံ့အောင် ​ပံ့ပိုးပေးတဲ့ ​စနစ်ပဲ ​ဖြစ်ပါတယ် ​ဆိုတာ ​ပြောတယ် ​ဖယ်ဒရယ် ​မဖြစ်ဖြစ်အောင် ​သူမ ​တသက်တာမှာ ​အစွမ်းကုန် ​ကြိုးပမ်းပြီးတော့ ​ဆောင်ရွက်သွားမယ်လို့တော့လည်း ​ပြောပါတယ်။ ​ဆိုတော့ ​ဒီ ​တိုင်းရင်းသားတွေ ​ဖက်မှာလည်း ​ဖယ်ဒရယ်ကို ​လိုလားနေကြတာပဲ ​အဲ့ဒီ ​ဖယ်ဒရယ် ​နိုင်ငံတော်ကြီး ​ပြန်လည်တည်ဆောက်နိုင်ဖို့ ​အရေးမှာ ​ဒီတစ်ထိုင်တည်းနဲ့ပဲ ​ကျနော်တို့ ​ဆွေးနွေးလို့ ​မရဘူးဆိုတာ ​ကျနော်တို့ ​နားလည်တယ်။ 

ရှမ်းပြည်ပြန်လည်တည်ထောင်ရေး ​ကောင်စီ ​RCSS/SSA ​ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့အနေနဲ့ ​ဒီကိစ္စတွေကို ​ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ​လာမည့်ဇူလိုင်လအတွင်း ​ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ​လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ​လူထုအခြေပြု ​လူမှု့အဖွဲ့အစည်းတွေနဲ့ ​တိုင်းရင်းသားနိုင်ငံရေး ​ပါတီတွေ ​တွေ့ဆုံပြီး ​တစ်စုတစ်စည်းတည်း ​လုပ်ဆောင်နိုင်ဖို့ ​ဆွေးနွေးကြမှာဖြစ်တယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments:

Post a Comment