ABC
ရခိုင်ပြည်နယ် သံတွဲမြို့မှာ မငြိမ်မသက်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီးနောက် အခြေအနေ ငြိမ်သက်နေပြီလို့ သိရပါတယ်။
ရခိုင်လူမျိုးတွေနဲ့ မွတ်စလင်လူမျိုးတွေကြား အပြန်အလှန် ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အပြင် အိမ်လေးလုံးပါ မီးတင်ရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
မီးတင်ရှို့ခံရတဲ့ အိမ်လေးလုံးစလုံးက မွတ်စလင်လူမျိုးတွေ ပိုင်ဆိုင်တဲ့ အိမ်တွေဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အသက် ၁၈ နှစ်အရွယ် ရခိုင်အမျိုးသမီးငယ်တစ်ဦးကို မွတ်စလင်နှစ်ဦးက အဓမ္မပြုကျင့်တယ်ဆိုပြီး မကျေမနပ်ဖြစ်ကြရာက မငြိမ်မသက်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။
အဓမ္မပြုကျင့်မှုမှာ ပါဝင်သူလို့ ယူဆရသူ နှစ်ယောက်ကိုလည်း ဒေသခံအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပြီလို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ အရင်နှစ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင်း မွတ်စလင်လူမျိုးတွေနဲ့ ဒေသခံ ရခိုင်လူမျိုးတွေကြား တင်းမာမှုတွေ တည်ရှိနေပြီး ပဋိပက္ခကြောင့် ရခိုင်နဲ့ ရိုဟင်ဂျာကို ခွဲခြားထားရပြီး ခုချိန်ထိ ယာယီဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ဒုက္ခသည် သိန်းနဲ့ချီ ရှိနေပါတယ်။
No comments:
Post a Comment