ABC
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲဖို့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအဖွဲ့ကို ဖွဲ့စည်းပြီး အဖွဲ့ဝင် ၁၀၉ ဦးထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၅၀ ကျော်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ၇ ယောက်ပါဝင်တယ်လို့ သိရပါတယ်။ ကော်မတီထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘူးလို့လည်း သိရပါတယ်။
ကော်မတီအဖွဲ့ထဲမှာ တခြားတိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ၃ ယောက်လည်းပါဝင်တယ်လို့ သိရပါတယ်။
မြန်မာလွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်တာတွေ၊ ဒေါ်အောင်ဆန်းစုကြည်လို ပု ဂ္ဂိုလ် တွေ က နိုင်ငံတော် သမ္မတ ဖြစ်ခွင့်မရှိတာတွေ အစရှိတဲ့ အချက်တွေကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ လိုလားမှုတွေများနေတာကြောင့် ပြင်ဆင်နိုင်ဖို့အတွက် ကော်မတီအဖွဲ့ ဖွဲ့လိုက်တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အဆိုကို ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးအေးမြင့်က တင်သွင်းခဲ့ပြီး ပြင်ဆင်ဖို့အတွက် ကော်မတီဖွဲ့တာကို လွှတ်တော်က အတည်ပြုကြတာ ဖြစ်ပါတယ်။
မြန်မာလွှတ်တော် နှစ်ရပ်လုံးမှာ စစ်တပ် ၂၅ ရာခိုင်နှုန်းစီပါဝင်ရုံသာမက ပြည်နယ်နဲ့ တိုင်းလွှတ်တော်မှာလည်း စစ်တပ်က ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့အပြင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၁ ဦးရှိတဲ့အနက် စစ်တပ်ကိုယ်စားလှယ် ၆ ယောက် ပါဝင်နေကြောင်း သိရပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ နိုင်ငံရဲ့ ပေါ်လစီချမှတ်ရာမှာ အမြင့်ဆုံးအာဏာရှိတဲ့ကောင်စီဖြစ်ပြီး ပါလီမာန်ဖျက်သိမ်းပိုင်ခွင့်၊ မာရှယ်လောပြဌာန်းခွင့်နဲ့ အရေးပေါ်ကာလအတွင်း တိုက်ရိုက်အုပ်ချုပ်ပိုင်ခွင့်အာဏာရထားတဲ့ ကောင်စီဖြစ်ပါတယ်။
No comments:
Post a Comment