ABC
မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး ဖေါက်ဖျက်မှု မှတ်တမ်းတွေကို အကြီးအကျယ်ဝေဖန် ရှုံ့ချခဲ့ဖူးသူ ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow ဟာ ပါလီမာန် ကိုယ်စားလှယ်အဖွဲ့ဝင် ၆ ဦးနဲ့ အတူ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ ခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ ပြောခဲ့ပါတယ်။
အဲ့ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ ရခိုင်ပြည်နယ်နဲ့ မြန်မာ နိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ဘာသာရေးလူမျိုးရေး ပဋိပက္ခမှာ ပြစ်မှုကျူးလွန်သူ တွေကို ပြစ်ဒဏ်ချ အရေးယူပေးရေး၊ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေက ဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီများ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးဖို့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်ဖို့၊ ကချင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီထောက်ပံ့ဖို့ စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သမ္မတကြီးကတော့ ပြစ်မှုကျူးလွန်ကြောင်း အထင်အရှား စစ်ဆေးတွေ့ရှိ သူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ နေပြီ ဖြစ်တယ်လို့ ပြောခဲ့တဲ့ အကြောင်းသိရပါတယ်။
No comments:
Post a Comment