Thursday, August 1, 2013

မွန်၊ ကရင်နဲ့ ရခိုင်မှာ ရေကြီးမှုဖြစ်နေ

ABC

မြန်မာနိုင်ငံ ​မွန်ပြည်နယ်၊ ​ကရင်ပြည်နယ်နဲ့ ​ရခိုင်ပြည်နယ်မှာ ​ရေကြီးမှုတွေ ​ဖြစ်နေတဲ့အတွက် ​လူပေါင်းသောင်းနဲ့ချီ ​လုံခြုံရာကို ​ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ​သိရပါတယ်။

အဆက်မပြတ်ရွာတဲ့ ​မိုးရေနဲ့ ​တောင်ကျရေကြောင့် ​ကရင်ပြည်နယ် ​ဖားအံ၊ ​လှိုင်းဘွဲ့၊ ​ကော့ကရိတ်၊ ​မြဝတီ ​အစရှိတဲ့ ​မြို့နယ်တွေမှာ ​ရေကြီးနေတဲ့အတွက် ​လူပေါင်း ​နှစ်သောင်းခွဲနီးပါး ​နေရာ ​ပြောင်းရွှေ့မှု ​လုပ်ခဲ့ရပါတယ်။

ကရင်ပြည်နယ်အပြင် ​ရခိုင်ပြည်နယ်နဲ့ ​မွန်ပြည်နယ်မှာလည်း ​ရေကြီးမှုတွေ ​ဖြစ်နေတဲ့အတွက် ​ထောင်နဲ့ချီတဲ့ ​လူတွေ ​ရွှေ့ပြောင်းမှု ​လုပ်နေရပါတယ်။

ကူညီကယ်ဆယ်ရေးတွေ ​လုပ်ဖို့ ​ရဟတ်ယာဉ်တွေ ​စေလွတ်ထားပေမယ့် ​ဆိုးဝါးတဲ့ ​ရာသီဥတုအခြေအနေနဲ့ ​မြေပြိုမှုတွေကြောင့် ​နှောင့်နှေးမှုတွေ ​ဖြစ်နေရတယ်လို့လည်း ​သိရပါတယ်။



ဘီးလင်းရေကြီးမှု ​အိမ်ထောင်စု ​၅၀၀ ​၀န်းကျင် ​ရေဘေးသင့်

မွန်ပြည်နယ် ​ဘီးလင်းမြို့နယ်မှာ ​မိုးသည်းထန်စွာရွာသွန်းပြီး ​မြစ်ရေလျှံမှုကြောင့် ​ဇူလိုင် ​၂၉ ​ရက်နေ့ကစပြီး ​လူနေအိမ်တွေရေနစ်မြုပ်ပြီး ​အိမ်ထောင်စု ​၅၀၀ ​လောက် ​ဒုက္ခရောက်နေရကြောင်း ​သိရပါတယ်။

ရေဘေးဒုက္ခသည်တွေကို ​ကယ်ဆယ်ရေးစခန်းမှာ ​ထားရှိပြီး ​ရေကြီးမှုကြောင့် ​သေဆုံးမှုတွေတော့ ​မရှိဘူးလို့ ​ဘီလင်းမြို့နယ် ​အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ​ဒုတိယ ​ဦးစီးမှူး ​ဦးဌေးအောင် ​ကပြောပါတယ်။

ဘီးလင်းမြို့ပေါ်ရှိ ​ရပ်ကွက် ​၅ ​ခုမှာ ​ရေနစ်မြုပ်နေတာဖြစ်ပြီး ​ဘီလင်းမြို့နယ်တွင်းက ​ ဒေါက်ရပ်ကျေးရွာ၊ ​ခဲမှောက်ကျေးရွာ၊ ​တက်တူကုန်းကျေးရွာ၊ ​တောင်ကလေးကျေးရွာနဲ့ ​ရွှေအင်တုံကျေးရွာတို့ဟာလည်း ​ရေနစ်မြုပ်မှုကို ​ခံနေရတယ်လို့ ​ဒေါက်ရပ်ကျေးရွှာအုပ်စု ​အုပ်ချုပ်ရေးမှူး ​ဦးတင်အေးက ​ပြောပါတယ်။

ဘီလင်းမြို့နယ်မှာ ​ကျေးရွာ ​၅၅ ​ရွာရှိတဲ့အထဲ ​ ရွာ ​၂၀ ​လောက် ​ရေကြီးမှု ​ဖြစ်နေတာဖြစ်ပြီး ​လယ်ဧက ​အနည်းဆုံး ​လေးထောင်ကျောက်လောက် ​နစ်မြုပ်ကုန်တယ်လို့လည်း ​ဘီးလင်းမြို့နယ် ​NLD ​ပါတီဥက္ကဌ ​ဦးကျော်မျိုးမင်းက ​ပြောပါတယ်။

ရေဘေးအတွက် ​စုစုပေါင်း ​ကယ်ဆယ်ရေးစခန်း ​၁၈ ​ခု ​ဖွင့်လှစ်ထားပြီး ​လူဦးရေ ​၁၈၉၅ ​ဦးကို ​ကူညီစောင့်လျှောက်ရှိကြောင်း ​ကယ်ဆယ်ရေးစခန်းတွေရဲ့ ​စာရင်းအရ ​သိရပါတယ်။

ခုလောလောဆယ် ​ဒေသခံတွေကပဲ ​ကိုယ်ထူကိုယ်ထစနစ်နဲ့ ​ကယ်ဆယ်ရေးစခန်းတွေ ​ဖွင့်ထားပြီး ​NLD ​ပါတီဝင်တွေ၊ ​ဟိတဓရဖောင်ဒေးရှင်း ​နဲ့ ​အခြား ​NGO ​အဖွဲ့စည်းတွေက ​စားနပ်ရိက္ခာနဲ့ ​သောက်သုံးရေတွေ ​ရဖို့ ​အကူအညီပေးလျှက်ရှိပြီး ​အာဏာပိုင်တွေ ​လာရောက် ​ကူညီထောက်ပံ့တာတွေ ​မရှိသေးဘူးလို့ ​သိရပါတယ်။ 

ရေလွှမ်းမိုးမှုကြောင့် ​ဘီးလင်းမြို့နယ်တွင်း ​ရေကြီးရာဒေသမှာ ​စာသင်ကျောင်းပိတ်ထားရပြီး ​စိုက်ခင်းတွေ ​ရေနစ်မြုပ်တဲ့အတွက် ​ဒေသခံ ​တောင်သူတွေအတွက် ​ထိခိုက်နစ်နာနေရကြောင်းလည်း ​ပြောပါတယ်။

မွန်ပြည်နယ် ​ဘီးလင်းမြို့နယ်မှာ ​နှစ်စဉ်နီးပါးရေကြီးမှုတွေ ​ဖြစ်လေ့ဖြစ်ထရှိပေမယ့် ​ဒီနှစ် ​ရေကြီးမှုက ​အဆိုးဝါးဆုံး ​ဖြစ်တဲ့အကြောင်း ​အလွတ်သတင်းထောက် ​ရွှေမြိတ်သားလေး ​ဇော်ဇော်က ​သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ရေကြီးမှု ​ဖြစ်နေသလို ​အိမ်နီးချင်း ​ထိုင်းနိုင်ငံမှာလည်း ​ရေကြီးမှု ​ဖြစ်နေပါတယ်။

ကရင်ပြည်နယ် ​မြဝတီမြို့ရဲ့ ​တစ်ဖက်ကမ်းက ​မဲဆောက်မြို့မှာ ​ရေကြီးမှု ​ဖြစ်ခဲ့ပြီး ​တခြား ​ခရိုင် ​၅ ​ခုမှာလည်း ​ရေကြီးမှုဖြစ်နေတဲ့အတွက် ​လူ ​သုံးဦး ​သေဆုံးခဲ့ရပြီလို့လည်း ​သိရပါတယ်။

သတင်းပေးပို့ချက်ကဏ္ဍမှာတော့ ​မွန်ပြည်နယ် ​ဘီလင်းမြို့နယ်မှာဖြစ်နေတဲ့ ​ရေကြီးမှုအကြောင်း ​တင်ဆက်သွားမှာ ​ဖြစ်ပါတယ်။

No comments:

Post a Comment