Wednesday, August 28, 2013

မြန်မာနိုင်ငံကိုနိုင်ငံပေါင်း ၇၉နိုင်ငံက ငွေလွှဲပို့နိုင်ဖို့ စီစဉ်နေ

ABC

ကမ္ဘာ့နိုင်ငံပေါင်း ​၇၉ ​နိုင်ငံကနေ ​မြန်မာနိုင်ငံကို ​ငွေလွှဲပို့တဲ့ ​ဝန်ဆောင်မှု ​စတင်လုပ်ဆောင်နိုင်တော့မှာ ​ဖြစ်တယ်လို့ ​ပြည်တွင်းရှိ ​အာရှစိန်းလမ်းရေး ​ဘဏ်(AGD) ​က ​ပြောဆိုလိုက်ပါတယ်။

ဥရောပနိုင်ငံတွေအပါအဝင် ​အမေရိကန်နဲ့ ​အာဆီယံနိုင်ငံတွေမှာနေထိုင်တဲ့ ​သူတွေအနေနဲ့ ​မြန်မာနိုင်ငံကို ​ဒေါ်လာငွေ ​တစ်သောင်းအောက် ​ငွေလွှဲပေးနိုင်တဲ့ ​ဝန်ဆောင်မှု ​စတင်နိုင်ဖို့အတွက် ​သြဂုတ်လ ​၂၇ ​ရက်နေ့မှာ ​AGD ​ဘဏ်နဲ့ ​အမေရိကန် ​အခြေစိုက် ​Money ​Gram ​တို့ ​MOU ​လက်မှတ်ထိုးခဲ့ကြတာ ​ဖြစ်ပါတယ်။

Memory ​Gram ​နဲ့ ​ချိတ်ဆက်ထားတဲ့ ​ဘဏ်တွေကနေ ​မြန်မာနိုင်ငံက ​AGD ​ဘဏ်တွေကို ​၁၀ ​မိနစ်အတွင်း ​ငွေလွှဲလို့ ​ရနိုင်မှာ ​ဖြစ်တယ်လို့ ​AGD ​ဘဏ်ရဲ့ ​Managing ​Director ​ဦးရဲမင်းဦးက ​ပြောပါတယ်။

“Money ​Gram ​နဲ့ချိတ်ထားတဲ့ ​ဘဏ်တွေရှိတယ်။ ​အဲဒီဘဏ်တွေရဲ့ ​ဘဏ်ခွဲတွေ ​အကုန်လုံးကနေပြီးတော့ ​AGD ​ဘဏ်ကို ​ဗမာပြည် ​ကိုပေါ့။ ​လှမ်းပြီး ​ငွေလွှဲမယ်ဆိုရင် ​ငွေလွှဲလို့ရနိုင်တယ်ပေါ့။ ​၁၀ ​မီနစ်အတွင်း ​ငွေလွှဲလို့ရတယ်ပေါ့။”

ဆက်လက်ပြီး ​ဒီငွေလွှဲတဲ့ ​ဝန်ဆောင်မှုဟာ ​ပြည်ပရောက် ​မြန်မာလုပ်သားတွေနဲ့ ​ပြည်တွင်းကို ​ရောက်ရှိနေတဲ့ ​နိုင်ငံခြားသားတွေ ​အဆင်ပြေစေနိုင်ဖို့ကို ​ရည်ရွယ်တာဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

“ဟိုဘက်နိုင်ငံတွေမှာ ​လက်ရှိ ​အလုပ်လုပ်နေတဲ့ ​မြန်မာလူမျိုးတွေ ​ဒီဘက်ကို ​ငွေလွဲချင်ရင် ​အလွယ်တကူ ​လွှဲလို့ရတယ်။ ​နောက် ​တစ်ခါ ​မြန်မာနိုင်ငံကို ​လာတဲ့ ​တိုးရစ်တွေပေါ့။ ​သူတို့ဒီမှာ ​အကြောင်းကြောင်းကြောင့် ​ငွေလိုတဲ့အချိန်မှာ ​သူတို့အိမ်ကို ​ဖုန်းဆက်ပြီး ​တော့ ​ငွေလွှဲပေးပါဆို ​ချက်ချင်း ​ဟိုဘက်ကနေ ​ငွေလှမ်းလွှဲပေးလို့ ​ရတယ်ပေါ့။ ​အဲဒီ ​Service ​ကိုပေးတာပါ။”

နိုင်ငံတကာ ​ငွေလွှဲဝန်ဆောင်မှုအခကြေးငွေကတော့ ​လွှဲပို့တဲ့နိုင်ငံ၊ ​လွှဲပို့တဲ့ ​ပမာဏအပေါ် ​မူတည်ပြီး ​အမေရိကန် ​၁၀ ​ဒေါ်လာနဲ့ ​၁၅ ​ဒေါ်လာအကြား ​ကျသင့်မှာ ​ဖြစ်ပါတယ်။

အသေးစားငွေလွဲမှု ​လုပ်ငန်းတွေဘဲ ​လုပ်ဆောင်နိုင်မှာဖြစ်ပြီး ​Export၊ ​Import ​လုပ်ငန်းကြီးပိုင်းတွေအတွက် ​ဘဏ်အကောင့်တွေ ​ကနေဘဲ ​လုပ်ဆောင်ရမှာ ​ဖြစ်သလို ​ပြည်တွင်းကနေ ​ငွေလွှဲဖို့ကိစ္စကိုလည်း ​ဗဟိုဘဏ်ကနေ ​ဒါရိုက်တာအဖွဲ့တွေနဲ့ ​ဆွေးနွေးညှိနှိုင်းပြီးမှ ​ရနိုင်မယ်လို့ ​ဗဟိုဘဏ်ရဲ့ ​ဦးဆောင် ​ညွှန်ကြားရေးမှူး ​ဦးမောင်မောင်က ​ပြောပါတယ်။

“ဘဏ်တွေမှာရှိတဲ့ ​သူတို့ရဲ့ ​Cash ​၊ ​သူတို့ရဲ့ ​နိုင်ငံခြားငွေ ​ဒေါ်လာ ​အကောင့်ရှိလို့ရင် ​အဲဒီကနေ ​သူတို့လွှဲလို့ရသေးတယ်။ ​လောလောဆယ် ​ဒီလို ​ကတော့ ​အတွင်းကို ​ပဲ ​ခွင့်ပြုသေးတယ်။ ​ဒါရိုက်တာအဖွဲ့ ​ဘာညာရှိသေးတော့ ​တင်ပြပြီးတော့မှ ​ရမယ်။”

နိုင်ငံတကာ ​ငွေလွှဲဝန်ဆောင်မှု ​လုပ်ဆောင်နေတဲ့ ​Money ​Gram ​နဲ့ ​ပြည်တွင်း ​AGD ​ဘဏ်အပြင် ​ထွန်းဖောင်ဒေးရှင်းနဲ့ ​မြန်မာနိုင်ငံသားများ ​ဘဏ်ကလည်း ​ငွေလွှဲလုပ်ငန်းတွေ ​လုပ်ဆောင်ဖို့အတွက် ​စီစဉ်နေတယ်လို့ ​ဗဟိုဘဏ်က ​ပြောကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments:

Post a Comment