ကိုတိုးကြီး(မုံရွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာမြို့နယ်၊ သမင်သတ် ကျေးရွာအုပ်စု၊ ချင်းပုံးကျေးရွာနေ အမျိုးသမီးငယ် လေးဦးကို တစ်ရွာတည်းနေသားအစ်ဘနှစ်ယောက်မှ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ပြည်တန်ဆာအလုပ် ရုံတစ်ခု၌ ရောင်းချရန် လူကုန်ကူးခဲ့သည့်အတွက် စက်တင်ဘာ ၂၇ ရက် ည၈ နာရီခွဲ အချိန်ခန့်က အမှုဖွင့် အရေးယူခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းဌာနစိပ်က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က ယင်းမာပင်မြို့နယ်၊ သမင်သတ်ကျေးရွာ အုပ်စု၊ ချင်းပုံးကျေး ရွာနေ ဦးလှဌေး အသက် (၅၀)နှစ်ဆိုသူနှင့် ၎င်း၏သမီးဖြစ်သူ မခင်ယုလှိုင် အသက်(၂၈)နှစ်ဆိုသူ သား အစ်ဘနှစ်ယောက်တို့မှ တစ်ရွာတည်းနေ အမျိုးသမီးလေးဦးကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ပြည့်တန်ဆာ အလုပ်ရုံ တစ်ခု၌ ရောင်းစားရန်လူကုန်ကူးခဲ့အတွက် စစ်ကိုင်းတိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ မှအရေးယူခဲ့ခြင်းဖြစ်သည်။
ကာယကံရှင်များ၏ ပြောပြချက်များအရ အဆိုပါသားအစ်ဘနှစ်ယောက်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကြက်သား စက်ရုံ၌ တစ်လလျင် လုပ်ခလစာထိုင်းဘတ်ငွေ (၂၀၀၀)ခန့် ရရှိမည်ဖြစ်ပြီး တရားဝင် ဗီဇာဖြင့် သွားရောက်ရမည်ဖြစ်သည့်အတွက်လည်း လူတစ်ဦးလျှင် ကျပ်လေးသိန်း လမ်းစရိတ်ပေးရမည်ဟုဆိုသဖြင့် ပိုက်ဆံများပေးခဲ့ရသော်လည်း နယ်စပ်ဖြတ်ကျော်၍ တရားမ၀င်သွားရောက်ခဲ့ရကြောင်း လူကုန် ကူးခံရသည့် အမျိုးသမီးလေးဦးက မဇ္ဈိကို ပြောသည်။
ထို့နောက် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ တရားမ၀င်ရောက်ရှိသွားသည့် လူကုန်ကူးခံရသော အမျိုးသမီး လေးဦး သည် မည်သည့်အလုပ်အကိုင်မှ ရရှိခြင်းမရှိဘဲ အခန်းတစ်ခုအတွင်း၌ ပိတ်လှောင်ထားရှိခဲ့သည်ဟု အမျိုးသမီးများ က ဆိုသည်။
၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်ည ၈ နာရီခွဲအချိန်ခန့်တွင် အဆိုပါ အမျိုးသမီးလေးဦးအနက်မှ တစ်ဦး ဖြစ်သူ မ------ဆို သူကဖုန်းဖြင့် မိဘများထံဆက်သွယ်သည့်အချိန်ကျမှ သမီးဖြစ်သူလူကုန်ကူးခြင်းခံရသည်ကို စတင်သိရှိ ခဲ့ရသည်ဟု သူမ၏ဖခင်ဖြစ်သူမှ ဆိုသည်။
အဆိုပါ သတင်းအချက်အလက်များကို မှတ်သား၍ဖခင်ဖြစ်သူမှ နောက်တစ်နေ့ စက်တင်ဘာ ၁၉ ရက် တွင် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့သို့ လိပ်မူ၍အကြောင်းကြားစာတစ်စောင် ရေးသားပေးပို့ခဲ့ သည်။
ထိုမှတစ်ဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်ရုံးရဲချုပ် ဦးဇော်ဝင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများ ဦးဆောင်၍ နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များကလူကုန်ကူးခြင်းခံရသည့် မြန်မာအမျိုးသမီးငယ်လေးဦးတို့ကို ပြန်လည်ကယ်တင်နိုင်ခဲ့သည်။
No comments:
Post a Comment